Connect with us

International Organizations

သိပ္ပံပညာရှင်နှစ်ဦးက mircoRNA အား ရှာဖွေတွေ့ရှိမှုအတွက် ၂၀၂၄ ခုနှစ် ဆေးပညာဆိုင်ရာ နိုဘယ်ဆု ချီးမြှင့်ခံရ

၂၀၂၄ ခုနှစ် ဆေးပညာဆိုင်ရာ နိုဘယ်ဆု ရရှိခဲ့သည့် ဗစ်တာ အမ်းဘရို့စ်နှင့် ဂယ်ရီ ရုဗ်ကွန်တို့၏ ဓာတ်ပုံအား ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ရှိ Karolinska Institute ၌ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စတော့ဟုမ်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
အမေရိကန် သိပ္ပံပညာရှင်နှစ်ဦးဖြစ်သည့် ဗစ်တာ အမ်းဘရို့စ်နှင့် ဂယ်ရီ ရုဗ်ကွန်တို့က microRNA နှင့် အသွင်ပြောင်းပြီးနောက် မျိုးဗီဇထိန်းညှိမှုတွင် ယင်း၏ အခန်းကဏ္ဍကို ရှာဖွေတွေ့ရှိမှုတို့အတွက် ၂၀၂၄ ခုနှစ် ဆေးပညာဆိုင်ရာ နိုဘယ်ဆု ချီးမြှင့်ခံခဲ့ရကြောင်း သိရသည်။
MicroRNA ဆိုသည်မှာ မျိုးဗီဇထိန်းညှိမှုစနစ်တွင် မဖြစ်မနေလိုအပ်သည့် သေးငယ်သော RNA မော်လီကျူး အမျိုးအစားသစ်တစ်မျိုးဖြစ်သည်။ လူသားတို့၏ ဂျီနုမ်းက microRNA ၁,၀၀၀ ကျော်အတွက် မျိုးဗီဇလက္ခဏာ သတ်မှတ်ပေးကြောင်း လတ်တလော သိရှိထားကြသည်။
၎င်းတို့နှစ်ဦး၏ အံ့အားသင့်ဖွယ် ရှာဖွေတွေ့ရှိမှုက မျိုးဗီဇထိန်းညှိမှုအတွက် ရှုထောင့်သစ်တစ်ခုကို အပြည့်အဝ ဖော်ထုတ်ပေးခဲ့သည်ဟု ‌ဆေးပညာဆိုင်ရာ နိုဘယ်ဆု ရွေးချယ်ရေးအဖွဲ့ဖြစ်သော Nobel Assembly က ပြောကြားခဲ့သည်။ “MicroRNA တွေက သက်ရှိတွေရဲ့ ကြီးထွားဖွံ့ဖြိုးပုံနဲ့ အလုပ်လုပ်ပုံအတွက် အဓိက အရေးပါနေတယ်ဆိုတာကို သက်သေပြနေပါတယ်” ဟုလည်း Nobel Assembly က ဖြည့်စွက်ပြောကြားခဲ့သည်။
အဆိုပါဆုအား ကြေညာခြင်းက ယခုနှစ် နိုဘယ်ဆုချီးမြှင့်ပွဲ ကာလကို စတင်လိုက်ခြင်းဖြစ်သည်။ အောက်တိုဘာ ၈ ရက်က ရူပဗေဒဆိုင်ရာ နိုဘယ်ဆုအား ကြေညာခဲ့ကာ အောက်တိုဘာ ၉ ရက်တွင် ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆု၊ အောက်တိုဘာ ၁၀ ရက်တွင် စာပေဆိုင်ရာ နိုဘယ်ဆုတို့ကို အသီးသီးကြေညာမည်ဖြစ်ပြီး အောက်တိုဘာ ၁၄ ရက်တွင်မူ စီးပွားရေးဆိုင်ရာ နိုဘယ်ဆုဖြစ်သည့် Nobel Memorial Prize in Economic Sciences အား ကြေညာမည်ဖြစ်ကြောင်း သိရသည်။
သိပ္ပံပညာရှင်နှစ်ဦးဖြစ်သည့် ဂျွန်ဟော့ပ်ဖီးနှင့် ဂျက်ဖရီး ဟင်တန်တို့က ၎င်းတို့၏ အခြေခံကျသော ရှာဖွေတွေ့ရှိမှုများ၊ တုပဖန်တီးထားသော အာရုံကြောကွန်ရက်များဖြင့် စက်ယန္တရားများအား အလိုအလျောက် သိရှိနားလည်စေသည့် တီထွင်ဆန်းသစ်မှုများအတွက် ၂၀၂၄ ခုနှစ် ရူပဗေဒဆိုင်ရာ နိုဘယ်ဆု ချီးမြှင့်ခံခဲ့ရကြောင်း ယင်းဆုအား ရွေးချယ်ခဲ့သည့် Royal Swedish Academy of Sciences က အောက်တိုဘာ ၈ ရက်၌ ကြေညာခဲ့သည်။ (Xinhua)


………………………
(English Version)
2024 Nobel Prize in Medicine honors 2 scientists for discovering mircoRNA
STOCKHOLM, Oct. 7 (Xinhua) — The 2024 Nobel Prize in Medicine was awarded Monday to two American scientists, Victor Ambros and Gary Ruvkun, for their discovery of microRNA and its role in post-transcriptional gene regulation.
MicroRNAs are a new class of tiny RNA molecules that are essential in gene regulation. It is now known that the human genome codes for over 1,000 microRNAs.
The Nobel Assembly said that the pair’s surprising discovery revealed an entirely new dimension to gene regulation. “MicroRNAs are proving to be fundamentally important for how organisms develop and function,” the assembly added.
The announcement marked the start of this year’s Nobel Prize award season. The Nobel announcements will proceed with the physics prize on Tuesday, followed by chemistry on Wednesday, and literature on Thursday. The Nobel Peace Prize will be revealed on Friday, and the Nobel Memorial Prize in Economic Sciences will be announced on Oct. 14.
The 2024 Nobel Prize in Physics went to two scientists, John J. Hopfield and Geoffrey E. Hinton, for their foundational discoveries and inventions that enable machine learning with artificial neural networks, the Royal Swedish Academy of Sciences announced on Tuesday.
English Caption
Portraits of the 2024 Nobel laureates in Physiology or Medicine, Victor Ambros and Gary Ruvkun, are seen at the Karolinska Institute in Stockholm, Sweden, on Oct. 7, 2024. (Xinhua/Peng Ziyang)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.