Connect with us

International Organizations

ထိပ်ဆုံးသုံးသင်းလုံး နိုဝင်ဘာ ၂ ရက်တွင် ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ် ပွဲစဉ်-၁၀ ပွဲကြိုသုံးသပ်ချက်

၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၇ ရက်က ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ယှဉ်ပြိုင်ကစားခဲ့သည့် အာဆင်နယ်နှင့် လီဗာပူးလ်အသင်း၏ အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်၌ အာဆင်နယ်အသင်းမှ လီယန်ဒရို ထရော့ဆက်ဒ်နှင့် လီဗာပူးလ်အသင်းမှ အလက်ဆစ် မက်အယ်လစ်စတာတို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

လန်ဒန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)
အင်္ဂလန်ပရီးမီးလိဂ် အမှတ်ပေးဇယား၏ ထိပ်ဆုံးသုံးသင်းဖြစ်သည့် မန်ချက်စတာစီးတီး၊ လီဗာပူးလ်နှင့် အာဆင်နယ်တို့သည် နိုဝင်ဘာ ၂ ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကာ ၎င်းတို့အနေဖြင့် အခက်တွေ့နိုင်သည့် ပြိုင်ဘက်များနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်ဖြစ်သည်။
မန်ချက်စတာစီးတီးအသင်းက ပြီးခဲ့သည့်သီတင်းပတ်၌ အမှတ်ပေးဇယားထိပ်ဆုံးသို့ တက်လှမ်းနိုင်ခဲ့သော်လည်း ကာရာဘောင်းဖလားတွင် တော့တင်ဟမ်အသင်းအား အဝေးကွင်း၌ ရှုံးနိမ့်ခဲ့သလို ယခုတစ်ပတ် ဘုန်းမောက်နှင့် ပရီးမီးယားလိဂ်ပွဲစဉ်တွင်လည်း နည်းပြပက်ပ်ဂွါဒီယိုလာအတွက် ဒဏ်ရာရကစားသမား အများအပြားရှိနေသည်။
ဂျက်ခ်ဂရီးလစ်ရှ်၊ ရိုဒရီ၊ ကိုင်လ်‌ဝေါ်ကာ၊ ကယ်ဗင်ဒီဘရိုင်းနှင့် ဂျယ်ရမီ ဒိုကူတို့မှာ ယခုပွဲစဉ်အား လွဲချော်မည်ဖြစ်သည်။
ဘုန်းမောက်အသင်းမှာ အာဆင်နယ်အား အိမ်ကွင်း၌ အနိုင်ယူထားသလို မန်စီးတီးနည်းပြ ဂွါဒီယိုလာ၏နေရာအား အနာဂတ်တွင် ဆက်ခံသူဖြစ်လာဖွယ်ရှိသည့် ဘုန်းမောက်နည်းပြ အန်ဒိုနီ အိုင်ရာအိုလာ၏ aggressive ဆန်ဆန် ကစားဟန်ကလည်း အဓိကကစားသမားများ လွဲချော်မည့် မန်စီးတီးအသင်းအတွက် စမ်းသပ်မှုဖြစ်လာမည်ဖြစ်သည်။
လီဗာပူးလ်အသင်းက ကာရာဘောင်းဖလားပြိုင်ပွဲတွင် ၃-၂ ဂိုးဖြင့် ပူပူနွေးနွေး အနိုင်ရထားသည့် ဘရိုက်တန်အသင်းအား အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။
ယခုပွဲစဉ်တွင် နှစ်သင်းစလုံးအနေဖြင့် အပြောင်းအလဲများ ပြုလုပ်ဖွယ်ရှိကာ မိုဟာမက် ဆာလာနှင့် ဒါဝင်နူနက်ဇ်တို့က လီဗာပူးလ်အသင်း၏ ပွဲထွက်လူစာရင်းတွင် ပြန်လည်ပါဝင်လာနိုင်ပြီး ပြီးခဲ့သည့် ကာရာဘောင်းပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ခဲ့သည့် ကိုဒီ ဂတ်ပိုအား နည်းပြအန်းဆလော့က ဘယ်တောင်ပံတိုက်စစ်တွင် ဆက်လက်နေရာပေးမည်လော ဆိုသည်မှာ အဓိက စိတ်ဝင်စားစရာဖြစ်သည်။
အာဆင်နယ်အသင်းကလည်း ယခုတစ်ပတ်တွင် နယူးကာဆယ်ယူနိုက်တက်၏ အိမ်ကွင်း၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ နယူးကာဆယ်က ကာရာဘောင်းပြိုင်ပွဲတွင် ချဲလ်ဆီးအသင်းအား အနိုင်ရရှိထားသည်။
ပြီးခဲ့သည့်တစ်ပတ်က လီဗာပူးလ်အသင်းအား အိမ်ကွင်း၌ သရေကျခဲ့ခြင်းကြောင့် အာဆင်နယ်အသင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံလုပွဲတွင် မန်စီးတီးနှင့် ၅ မှတ် ကွာဟလျက်ရှိသည်။
ယခုပွဲစဉ်တွင် အာဆင်နယ်အသင်း၏ စပိန်လက်ရွေးစင်ကွင်းလယ်လူ မစ်ကယ် မာရီနိုမှာ ၎င်း၏ အသင်းဟောင်းနှင့် ပြန်လည်ရင်ဆိုင်ရမည်ဖြစ်သည်။
နိုဝင်ဘာ ၃ ရက်၏ အကောင်းဆုံးပွဲစဉ်နှစ်ပွဲမှာ အဆင့်-၄ နေရာမှ အက်စတွန်ဗီလာနှင့် တော့တင်ဟမ်၊ မန်ချက်စတာယူနိုက်တက်နှင့် ချဲလ်ဆီးအသင်းတို့၏ ပွဲစဉ်များဖြစ်သည်။
တော့တင်ဟမ်အနေဖြင့် အနိမ့်အမြင့်၊ အတက်အကျများသော ဘောလုံးရာသီတစ်ခုနှင့် ကြုံတွေ့နေရပြီး ဗီလာအသင်းမှာလည်း ခက်ခဲသောပြိုင်ဘက်ဖြစ်သည့်တိုင် ပြီးခဲ့သည့် ကာရာဘောင်းပြိုင်ပွဲတွင် မန်စီးတီးအား အနိုင်ယူခဲ့သည့်အတွက် စိတ်ဓာတ်တက်ကြွနေမည်ဖြစ်သည်။
ပြီးခဲ့သည့်တစ်ပတ်က ဝက်စ်ဟမ်းအား ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်အပြီးတွင် မန်ချက်စတာယူနိုက်တက်အသင်းက နည်းပြဖြစ်သူ အဲရစ်တန်ဟက်ဂ်အား ရာထူးမှထုတ်ပယ်လိုက်ပြီးနောက် ယာယီနည်းပြ ရုဒ်ဗန် နစ္စတယ်ရွိုင်း လက်အောက်တွင် လက်စတာစီးတီးအား အိမ်ကွင်း၌ ၅-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ချဲလ်ဆီးအသင်းက ယူနိုက်တက်အတွက် အလွန်ခက်ခဲသော ပြိုင်ဘက်ဖြစ်သည်ကို သက်သေပြသွားမည်ဖြစ်သလို ယူနိုက်တက် ကစားသမားများအဖို့လည်း ယခုပွဲစဉ်မှာ နည်းပြသစ်ဖြစ်လာမည့် ရူဘင် အာမိုရင်မ် နှစ်သက်သဘောကျစေရန် ၎င်းတို့၏ ခြေစွမ်းအား ထုတ်ဖော်ပြသနိုင်မည့် အခွင့်အရေးဖြစ်သည်။
အခြားပွဲစဉ်များအဖြစ် နော့တင်ဟမ်ဖောရက်စ်က ဝက်စ်ဟမ်းအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ကာ ဝုဗ်အသင်းက ခရစ္စတယ်ပဲလေ့စ်အား အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။ ပဲလေ့စ်အသင်းက ပြီးခဲ့သည့်သီတင်းပတ်အတွင်း တော့တင်ဟမ်နှင့် အက်စတွန်ဗီလာတို့အား အနိုင်ရရှိထားသဖြင့် စိတ်ဓာတ်တက်ကြွနေမည်ဖြစ်သည်။
ဆောက်သမ်တန်အသင်းက အဲဗာတန်အသင်းအား အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်ကာ အစ်ပ်ဆွစ်ချ်တောင်းနှင့် လက်စတာစီးတီးအသင်းတို့လည်း ထိပ်တိုက်တွေ့ဆုံနေသည်။
နိုဝင်ဘာ ၄ ရက်၌ ယှဉ်ပြိုင်ကစားမည့် လန်ဒန်အနောက်တောင်ပိုင်း ဒါဘီပွဲစဉ်ဖြစ်သည့် ဖူဟမ်လ်နှင့် ဘရန့်ဖို့ဒ်အသင်း၏ ပွဲစဉ်ဖြင့် ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်-၁၀ အား အဆုံးသတ်မည်ဖြစ်သည်။ (Xinhua)


…………………….
(English Version)
Preview: Premier League top three all in action on Saturday
LONDON, Nov. 1 (Xinhua) — The top three in the Premier League all play on Saturday afternoon, with Manchester City, Liverpool and Arsenal all facing potentially difficult rivals.
Manchester City moved top of the table last weekend, but any satisfaction at that have gone in the wake of a Carabao Cup defeat away to Tottenham and a long injury list that has deprived Pep Guardiola of a host of players to visit Bournemouth.
Jack Grealish, Rodri, Kyle Walker, Kevin de Bruyne and Jeremy Doku are among those out for a tricky game.
Bournemouth have already beaten Arsenal at home and the aggressive style of play from coach Andoni Iraola – a possible long-term replacement for Guardiola at City – will test a defense missing key players.
Liverpool are at home to Brighton, just three days after beating them 3-2 in the Carabao Cup.
Both teams are likely to make changes for Saturday, with Mohamed Salah and Darwin Nunez back in the starting 11 for Liverpool, where the big question is whether Cody Gakpo, who scored in midweek, will continue on the left of Arne Slot’s attack.
Arsenal start the weekend with an interesting trip to play Newcastle United, who put some indifferent league form behind them to beat Chelsea in the Carabao Cup in midweek.
Last weekend’s draw at home to Liverpool saw Arsenal drop five points behind City in the title race.
Saturday’s game will see Arsenal’s Spain international midfielder Mikel Merino return to face one of his former clubs.
The two biggest games on Sunday see fourth-placed Aston Villa away to Tottenham, while Manchester United are at home to Chelsea.
Tottenham are having a season of highs and lows, but should be boosted after beating Manchester City in a game that saw Timo Werner get a much-needed goal, although Villa are always a difficult proposition.
Manchester United sacked Erik ten Hag in the wake of last weekend’s defeat to West Ham, and won their first game under the temporary charge of Ruud van Nistelrooy 5-2 at home to Leicester City.
Chelsea will prove to be a much tougher test of United’s true potential, and with Ruben Amorim likely to be in charge at Old Trafford by the end of the month, several players now have the chance to impress the man who will be boss.
Elsewhere, Nottingham Forest entertain West Ham United after two consecutive wins, with Morgan Gibbs-White returning for the home side, against a rival that has looked vulnerable this season. Wolves will see their match at home to Crystal Palace as a chance to take their first win of the season, but Palace will also be boosted after last week’s wins over Tottenham and Aston Villa.
Southampton quite simply have to win their home match against Everton, otherwise any survival hopes will start to disappear, while Ipswich Town and Leicester City play a game between two sides who were promoted last season.
The weekend ends with a southwest London derby on Monday, when Fulham host Brentford. Enditem
English Caption
Arsenal’s Leandro Trossard (2nd L) is challenged by Liverpool’s Alexis Mac Allister during the English Premier League football match between Arsenal and Liverpool in London, Britain, on Oct. 27, 2024. (Xinhua)