Connect with us

Asia

ပါကစ္စတန်နိုင်ငံက အီရန်နိုင်ငံရှိ “အကြမ်းဖက်စခန်းများ” ကို တိုက်ခိုက်ခဲ့ကြောင်း လုံခြုံရေးအရာရှိပြောကြား

အစ္စလာမ်မာဘတ်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့များသည် အီရန်ရှိ “အကြမ်းဖက်စခန်း”များကို တိတိကျကျတိုက်ခိုက်ခဲ့ကြောင်း လုံခြုံရေးအရာရှိတစ်ဦးက ဆင်ဟွာသို့ ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။

ပစ်မှတ်အားလုံးကို အတိအကျ ထိမှန်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်မှ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
“ကျွန်တော်တို့ အကြမ်းဖက်သမားတွေလို့ အတည်ပြုထားသူတွေကို ဝင်တိုက်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အမြင်အရ အကြမ်းဖက်သမားဆိုရင် လူမျိုး၊ လူမျိုးစု၊ ဘာသာ၊ ဂိုဏ်းခွဲခြားစရာမလိုဘဲ ကျွန်တော်တို့ရဲ့ ပစ်မှတ်တွေပဲဖြစ်ပါတယ်”ဟု အဆိုပါ လုံခြုံရေး အရာရှိကပြောသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် လတ်တလော ဖြစ်ပွားသည့် ဖြစ်စဉ်များ၏ တိုးတက်တက်မှုများနှင့် ပတ်သက်၍ ကြေညာချက် ထုတ်ပြန်မည်ဖြစ်ကြောင်း ပါကစ္စတန်အစိုးရ၏ သတင်းရင်းမြစ်က ဆင်ဟွာသို့ ပြောသည်။ (Xinhua)

…………………………………
(English Version)
#Pakistan #Islamabad #Iran #TerroristCenters
1st LD: Pakistan strikes “terrorist centers” in Iran: security official
ISLAMABAD, Jan. 18 (Xinhua) — Pakistani security forces have struck “terrorist centers” in Iran with precision, a security official told Xinhua on Thursday morning.
Sources from Pakistan’s armed forces said that all targets were hit precisely.
“We hit the confirmed terrorists. In our view all terrorists are our targets irrespective of race, ethnicity, religion, or sect,” added the security official.
Sources from the Pakistani government told Xinhua that the Ministry of Foreign Affairs will issue a statement about the recent development. Enditem

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.