China
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် မျိုးသုဉ်းလုနီး ဆာဘီးယားကျား တွေ့ရှိ
ဟာအယ်ပင်း၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် သစ်တောဧရိယာတွင် တောရိုင်း ဆာဘီးယားကျားတစ်ကောင်ကို တွေ့ရှိခဲ့ရာ ယင်းမှာ ဒေသန္တရဂေဟဗေဒပတ်ဝန်းကျင် တိုးတက်နေဆဲဖြစ်သည်ကို ဖော်ညွှန်းနေခြင်းလည်းဖြစ်ကြောင်း သစ်တောဝန်ထမ်း (တောခေါင်း) များ ပြောကြားချက်အရ သိရသည်။
Muling သစ်တောဗျူရိုကုမ္ပဏီလီမိတက်အောက်ရှိ ဟဲဖိန်သစ်တောတွင် ပုံမှန်ကင်းလှည့်နေစဉ် ဆာဘီးယားကျားဟု သံသယဖြစ်ဖွယ်ရှိသော ကျား၏ ခြေရာများနှင့် မစင်များကို တောခေါင်းများက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မန်နေဂျာ Wang Daohui က ပြောခဲ့သည်။
အဆိုပါ တောခေါင်းများက နောက်ပိုင်းတွင် ယင်းဧရိယာရှိ အနီအောက်ရောင်ခြည်ကင်မရာများဖြင့် စစ်ဆေးခဲ့ကြောင်းနှင့် အရွယ်ရောက် ကျားရိုင်းတစ်ကောင် ပေါ်ထွက်လာသည်ကို မြင်တွေ့ခဲ့ရကြောင်း Wang က ဆိုသည်။
အမျိုးသားသစ်တောနှင့် မြက်ခင်းပြင်စီမံခန့်ခွဲမှုဦးစီးဌာန၊ Feline သုတေသနစင်တာက ကျား၏ မစင်ကို DNA စစ်ဆေးခဲ့ရာ အဆိုပါကျားမှာ ၂၀၂၁ ခုနှစ်က ကယ်ဆယ်နိုင်ခဲ့ပြီး နောက်ပိုင်းတွင် တောထဲသို့ ပြန်လည်လွှတ်ပေးခဲ့သည့် ကျားတစ်ကောင်ဆိုခြင်းထက် အရွယ်ရောက်ပြီး ကျားထီး အသစ်တစ်ကောင်ဖြစ်သည်ကို အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။
“ဒီကျားက Muling သစ်တောဧရိယာမှာ မကြာသေးမီနှစ်တွေက တွေ့ရှိခဲ့တဲ့ ၅ ကောင်မြောက် ဆာဘီးယားကျားတစ်ကောင်ဖြစ်ပါတယ်။ ဒါတွေက ဒီနေရာမှာ ဇီဝမျိုးကွဲမျိုးစုံ ကြွယ်ဝခြင်းနဲ့ ဂေဟဗေဒဆိုင်ရာ ပတ်ဝန်းကျင်ကို ထိထိရောက်ရောက် ထိန်းသိမ်းထားတယ်ဆိုတာကို ညွှန်ပြနေတာပါပဲ” ဟု Muling ကုမ္ပဏီလီမိတက်၏ Liufeng တောင် အမျိုးသားသစ်တောဥယျာဉ်စီမံခန့်ခွဲမှုရုံး အကြီးအကဲ Guo Jianjun က ပြောခဲ့သည်။
Amur ကျားဟုလည်း လူသိများသော ဆာဘီးယားကျားသည် ကမ္ဘာပေါ်တွင် မျိုးသုဉ်းပျောက်ကွယ်လုနီးပါးအဖြစ်ဆုံး တိရစ္ဆာန်များအနက် တစ်မျိုးအပါအဝင်ဖြစ်ပြီး ရုရှားနိုင်ငံ အရှေ့ဖျားဒေသနှင့် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် အဓိကနေထိုင်ကျက်စားလျက်ရှိသည်။ သဘာဝသစ်တောထဲတွင် ဆာဘီးယားကျားအကောင်ရေ ၅၀၀ ခန့် နေထိုင်နိုင်ဖွယ်ရှိကြောင်း သိရသည်။ (Xinhua)
………………………………
(English Version)
Endangered Siberian tiger spotted in northeast China
HARBIN, Jan. 18 (Xinhua) — A wild Siberian tiger has been spotted in a forest area in northeast China’s Heilongjiang Province, indicating the ongoing improvement of the local ecological environment, according to forest rangers.
The footprints and excrement of a suspected Siberian tiger were found by forest rangers during regular patrols at Heping forest farm under the Muling Forestry Bureau Co., Ltd., said ranger Wang Daohui.
Wang said the rangers later checked the infrared cameras in the area and saw what appeared to be an adult wild tiger.
A DNA test of the tiger’s excrement by the Feline Research Center of the National Forestry and Grassland Administration confirmed that it is a new adult male tiger, rather than one rescued and later released into the wild in 2021.
“This is the fifth adult wild Siberian tiger spotted in the Muling forest area in recent years, indicating the rich biodiversity and effectively restored ecological environment here,” said Guo Jianjun, head of the Liufeng Mountain National Forest Park Management Office of the Muling Forestry Bureau Co., Ltd.
Also known as the Amur tiger, the Siberian tiger is one of the most endangered animals in the world, mainly living in Russia’s Far East and northeast China. About 500 Siberian tigers are believed to be living in the wild.
Photo: A Siberian tiger walks in the snow at the Siberian Tiger Park in Harbin, northeast China’s Heilongjiang Province, Nov. 17, 2023. (Xinhua/Wang Jianwei)