International Organizations
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
— ပရီးမီးယားလိဂ်တွင် လီဗာပူးလ်အသင်း သရေရလဒ်သာ ရရှိခဲ့ပြီး မန်စီးတီးအသင်း နိုင်ပွဲပြန်လည်ရရှိ
ဒီဇင်ဘာ ၄ ရက် ညပိုင်းက ယှဥ်ပြိုင်ခဲ့သည့် ပရီးမီးယားလိဂ် ကြားပွဲစဥ်တွင် မန်ချက်စတာစီးတီးအသင်းက နော့တင်ဟမ်ဖောရက်စ်အသင်းအား ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရလဒ်များ ဆက်တိုက်ဆိုးရွားနေမှုကို အဆုံးသတ်နိုင်ခဲ့သည်။ အဆိုပါပွဲစဥ်တွင် မန်စီးတီးကွင်းလယ်လူ ကယ်ဗင်ဒီဘရိုင်းနား ပွဲထွက်လူစာရင်း၌ ပြန်လည်ပါဝင်လာခဲ့သည်။
မန်စီးတီးအသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် ၈ မိနစ်တွင် ဘာနာဒိုဆေးဗားကလည်းကောင်း၊ ၃၁ မိနစ်တွင် ဒီဘရိုင်းနားကလည်းကောင်း၊ ၅၇ မိနစ်တွင် ဂျယ်ရမီ ဒိုကူကလည်းကောင်း အသီးသီးသွင်းယူခဲ့သည်။
အမှတ်ပေးဇယား ထိပ်ဆုံးမှ လီဗာပူးလ်အသင်းနှင့် နယူးကာဆယ်အသင်း၏ ပွဲစဥ်တွင် အိမ်ရှင်နယူးကာဆယ်အသင်းက နောက်ဆုံးမိနစ်၌ ချေပဂိုး သွင်းယူခဲ့သဖြင့် ၃ ဂိုးစီ သရေကျခဲ့ပြီး အဆိုပါပွဲစဥ်မှာ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းခဲ့သည်။
အာဆင်နယ်အသင်းနှင့် မန်ချက်စတာယူနိုက်တက်အသင်း၏ ပွဲစဥ်တွင် အာဆင်နယ်က ဂျူရီယန် တင်ဘာ၊ ဝီလီယမ် ဆာလီဘာတို့၏ ဒုတိယပိုင်း သွင်းဂိုးများနှင့်အတူ ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယား ဒုတိယနေရာ၌ ဆက်လက်ရပ်တည်နေသည်။
…..
— ဂျာမန်ဖလားပြိုင်ပွဲတွင် လက်ရှိချန်ပီယံ လေဗာကူဆင်က ဘိုင်ယန်မြူးနစ်အား အနိုင်ယူ
ဒီဇင်ဘာ ၃ ရက်က ယှဥ်ပြိုင်ခဲ့သည့် လေဗာကူဆင်အသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်း၏ ဂျာမန်ဖလား ၁၆ သင်းအဆင့် ပွဲစဥ်တွင် လေဗာကူဆင်က တစ်ယောက်လျော့ ဘိုင်ယန်မြူးနစ်အား နသန်တယ်လာ၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ပွဲချိန်အစောပိုင်းတွင် ဘိုင်ယန်အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် ထိန်းချုပ်ထားသော်လည်း ပွဲချိန် ၁၇ မိနစ်တွင် ဘိုင်ယန်ဂိုးသမား မန်နျူရယ် နူအာက လေဗာကူဆင်ကစားသမား ဂျယ်ရမီ ဖရင်းပေါင်အား ပြစ်ဒဏ်ကျူးလွန်ခဲ့ခြင်းကြောင့် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံရခြင်းက ပွဲကို သိသိသာသာ အပြောင်းအလဲဖြစ်စေခဲ့ပြီး ဘိုင်ယန်အသင်းအနေဖြင့် အရန်ဂိုးသမား ဒန်နီရယ် ပီရက်ဇ်အား ထည့်သွင်းနိုင်ရန် လီရွိုင်းဆာနေးအား လူစားလဲလှယ်ခဲ့ရသည်။
…..
— တရုတ်နိုင်ငံ၏ Jiuzhou မြို့လေးက ဝေဟင်နိမ့်အားကစားနည်း ဖွံ့ဖြိုးတိုးတက်မှု၏ ဗဟိုချက်အဖြစ် တည်ရှိနေ
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ Huangping ခရိုင်ရှိ Jiuzhou မြို့လေးသည် ဝေဟင်နိမ့် အားကစားနယ်ပယ်အား အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလာအောင် လုပ်ဆောင်ပေးမှုအတွက် အသိအမှတ်ပြု ခံထားရသည်။
၁၉၃၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည့် Jiuzhou လေဆိပ်အား ဝေဟင်နိမ့် ပျံသန်းမှု လေ့ကျင့်ရေးစခန်းအဖြစ် အသွင်ပြောင်းလဲခဲ့ကာ AOPA-China နိုင်ငံတကာ လေကြောင်းပျံသန်းရေး ကွန်ဖရင့်အား နှစ်ကြိမ်တိုင်တိုင် လက်ခံကျင်းပခဲ့ပြီး ပြည်တွင်းပြည်ပမှ ဝေဟင်အားကစားနည်းအပေါ် စိတ်ဝင်စားသူ အများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။ (Xinhua)
………………………….
(English Version)
Liverpool held in thriller as Man City returns to winning ways in Premier League
Manchester City ended their miserable run of form with a 3-0 win at home to Nottingham Forest in a midweek round of Premier League matches.
Kevin de Bruyne was back in the City starting 11 and scored his side’s second goal in the 31st minute after Bernardo Silva had calmed nerves for the home fans with an eighth-minute opening goal. Jeremy Doku made it 3-0 in the 57th minute.
League leader Liverpool was held to a thrilling 3-2 draw away to Newcastle United in a match the home side equalized in the last minute after twice leading.
Arsenal remains second after second-half goals from Jurrien Timber and William Saliba gave them a 2-0 win at home to Manchester United in a result that shows the new United coach.
…..
Title holder Leverkusen eliminates Bayern from German Cup
Nathan Tella’s single goal was enough to give Bayer Leverkusen a 1-0 victory over a 10-man Bayern Munich in the German Cup round of 16 on Tuesday.
Although Bayern initially controlled possession, the match took a drastic turn in the 17th minute. Goalkeeper Manuel Neuer received a straight red card for a foul on Jeremie Frimpong, leading to substitute goalkeeper Daniel Peretz replacing Leroy Sane.
…..
China’s small town Jiuzhou booms as hub for low-altitude air sports
Jiuzhou Town, located in Huangping County, in southwest China’s Guizhou Province, has gained recognition for its booming low-altitude air sports industry.
The local Jiuzhou Airport, originally built in 1939, has been transformed into a low-altitude flight training base. It has hosted two AOPA-China International Flight Conferences, drawing numerous air sports enthusiasts from both China and abroad.