China
တရုတ်နိုင်ငံ စူးစမ်းလေ့လာရေးဌာနက ကမ္ဘာမြေအနီးရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှားကျဆင်းမှု ရှားပါးဓာတ်ပုံများကို အမိအရရိုက်ကူးနိုင်
ကူမင်း၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံရှိ စူးစမ်းလေ့လာရေးဌာနများစွာက 2024 XA1 ဟု တရားဝင်သတ်မှတ်ထားသော ကမ္ဘာမြေအနီးရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှား ကျဆင်းနေသော ရှားပါးဓာတ်ပုံများကို အမိအရရိုက်ကူးနိုင်ခဲ့သည်။
ဂြိုဟ်သိမ်ဂြိုဟ်မွှားဆိုင်ရာ ပြည်ပစူးစမ်းလေ့လာရေးအဖွဲ့များ၏ လေ့လာမှုရလဒ်များနှင့်အတူ အဆိုပါ ဓာတ်ပုံများသည် ကမ္ဘာအပေါ်သက်ရောက်နိုင်သည့် ဂြိုဟ်သိမ်ဂြိုဟ်မွှားကို ၁၁ ကြိမ်မြောက် အောင်မြင်စွာ ကြိုတင်သတိပေးနိုင်ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်း ၄ ကြိမ်မြောက် ကြိုတင်ခန့်မှန်းနိုင်ခြင်းလည်း ဖြစ်သည်ဟု China Science Daily က ဒီဇင်ဘာ ၆ ရက်၌ သတင်းဖော်ပြခဲ့သည်။
အဆိုပါ ဂြိုဟ်သိမ်ဂြိုဟ်မွှား၏ ခန့်မှန်းအချင်းပမာဏမှာ ၇၅ စင်တီမီတာနှင့် ၁ မီတာအတွင်း ရှိသည်။ ထို ဂြိုဟ်သိမ်ဂြိုဟ်မွှားကို ဒီဇင်ဘာ ၃ ရက် UTC စံတော်ချိန် နံနက် ၅:၅၅ နာရီက အရီဇိုးနားတက္ကသိုလ်က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သတင်း၌ ဖော်ပြထားသည်။ (Xinhua)
…………………….
(English Version)
China’s observatories capture rare images of falling near-Earth asteroid
KUNMING, Dec. 6 (Xinhua) — Several observatories in China have captured rare images of a falling near-Earth asteroid, formally designated as 2024 XA1.
The images, along with the observation results of foreign observatories on the asteroid, mark the 11th successful early warning of an asteroid impacting Earth, and the 4th such prediction of 2024, according to China Science Daily on Friday.
The asteroid has an estimated diameter of between 75 centimeters and one meter. It was first discovered by a University of Arizona telescope at 5:55 a.m. (UTC) on Dec. 3, the report said.
Photo: This combo photo provided by the Lijiang branch of the Yunnan Observatories under the Chinese Academy of Sciences (CAS) shows the telescope in Lijiang (L) and the image of asteroid 2024 XA1 (R, bright line). (The Lijiang branch of the CAS Yunnan Observatories/Handout via Xinhua)