Sport
မြန်မာနိုင်ငံ နေပြည်တော်တွင် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဖွင့်လှစ်
နေပြည်တော်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ဒီဇင်ဘာ ၉ ရက် ညနေပိုင်းက တရားဝင်ဖွင့်လှစ်ခဲ့သည်။အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖွင့်လှစ်ပေးခဲ့သည်။ ဖွင့်ပွဲအခမ်းအနားတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာတင်ဆက်ဖျော်ဖြေမှုများ၊ အားကစားသမားများချီတက်မှုများနှင့် မီးရှူးတိုင်ထွန်းညှိခြင်း စသည့်အစီအစဉ်များ ပါဝင်ခဲ့ကြောင်း သိရသည်။
ထိုအားကစားပွဲတော်တွင် ဝန်ကြီးဌာနအဆင့် အားကစားနည်း ၆ နည်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အားကစားနည်း ၂၃ နည်း၊ မသန်စွမ်းအားကစားနည်း ၄ နည်းတို့ဖြင့် ကျင်းပလျက်ရှိသည်။ အားကစားပြိုင်ပွဲများတွင် မြန်မာ့ရိုးရာချင်းလုံးအားကစား၊ ကမ္ဘာတစ်ဝန်း လူကြိုက်များသော အားကစားနည်းများ ဖြစ်သည့် ဘောလုံး၊ ပြေးခုန်ပစ်၊ ရေကူး၊ ဘတ်စကက်ဘောနှင့် ကိုယ်ခံပညာ စသည်တို့ ပါဝင်သည်။
အဆိုပါ အားကစားပြိုင်ပွဲများတွင် အားကစားသမား ၁၂,၀၀၀ ဦးခန့်က ၎င်းတို့၏ စွမ်းရည်များ၊ အားကစားစိတ်ဓာတ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေး၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ပြီး အောင်မြင်မှုရရှိစေရေး၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီအားကစားသမားများနှင့် အလားအလာရှိသည့် လူငယ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများ၊ ဝန်ကြီးဌာနများအကြား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လာစေရေးနှင့် ပြည်သူတစ်ရပ်လုံး အားကစားကို ပိုမိုစိတ်ဝင်စားလာပြီး အားကစား လှုပ်ရှားမှုများမှာ ပါဝင်လှုပ်ရှားကစားလာစေရေး” စသည့် ဦးတည်ချက်များ ချမှတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ပထမဆုံးအကြိမ် အမျိုးသားအားကစားပွဲတော်ကို ၁၉၉၂ ခုနှစ်တွင် ရန်ကုန်မြို့တွင်လည်းကောင်း၊ စတုတ္ထအကြိမ်ကို ၂၀၁၅ ခုနှစ်တွင် နေပြည်တော်၌လည်းကောင်း ကျင်းပခဲ့ကြောင်း သိရသည်။ ယခု ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကို ဒီဇင်ဘာ ၂၀ ရက်အထိ ကျင်းပမည်ဖြစ်သည်။ (Xinhua)
————————-
(English Version)
Myanmar opens fifth National Sports Festival in Nay Pyi Taw
NAY PYI TAW, Dec. 9 (Xinhua) — Myanmar officially launched its fifth National Sports Festival on Monday at Wunna Theikdi Stadium in the capital city of Nay Pyi Taw.
Myanmar’s State Administration Council Chairman Senior General Min Aung Hlaing inaugurated the event. The opening ceremony included vibrant traditional cultural performances, a parade of athletes, and a torch-lighting ceremony.
The festival features six sports events for government ministries, 23 sports events for regions and states, and four sports events for disabled athletes. The sports events included traditional Myanmar games such as Chinlone (cane ball), and globally popular sports like football, athletics, swimming, basketball, and martial arts.
About 12,000 athletes are participating in the sports events, showcasing their talents and competitive spirit.