Connect with us

China

တရုတ်-ဗီယက်နမ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေး ပြုလုပ်

တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ ကျင်းပသည့် ၁၆ ကြိမ်မြောက် တရုတ်-ဗီယက်နမ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဦးဆောင်ကော်မတီ အစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Bui Thanh Son နှင့်အတူ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်နေပုံကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ပေကျင်းမြို့၌ ဒီဇင်ဘာ ၁၀ ရက်က ကျင်းပသည့် ၁၆ ကြိမ်မြောက် တရုတ်-ဗီယက်နမ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဦးဆောင်ကော်မတီ အစည်းအဝေးအား ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Bui Thanh Son နှင့်အတူ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။
နှစ်နိုင်ငံနှင့် ပါတီနှစ်ရပ်၏ ထိပ်တန်းခေါင်းဆောင်များအနေဖြင့် တရုတ်-ဗီယက်နမ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုအား ဆက်လက်ဖော်ဆောင်ရေးအတွက် အရေးပါသော ဘုံသဘောတူညီမှု ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၏ ဆိုရှယ်လစ်စနစ် တည်ဆောက်ခြင်းမှာ အလွန်အရေးပါသော အဆင့်သို့ ရောက်ရှိနေကြောင်း ဝမ်က ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/Zu1


………………………..
(English Version)
China, Vietnam hold meeting on bilateral cooperation
Chinese Foreign Minister Wang Yi co-chaired the 16th meeting of the China-Vietnam Steering Committee for Bilateral Cooperation with Deputy Prime Minister and Foreign Minister of Vietnam Bui Thanh Son in Beijing on Tuesday.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, said that top leaders of the two parties and countries have reached important consensus on advancing the building of China-Vietnam community with a shared future, and the socialist construction of China and Vietnam has entered a crucial stage. xhtxs.cn/Zu1
English Caption
Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, co-chairs the 16th meeting of the China-Vietnam Steering Committee for Bilateral Cooperation with Deputy Prime Minister and Foreign Minister of Vietnam Bui Thanh Son in Beijing, capital of China, Dec. 10, 2024. (Xinhua/Yue Yuewei)