Connect with us

Politics, Law & Military

မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် စိတ်ပြောင်းဆေးဝါး အမြောက်အမြား သိမ်းဆည်းရမိ

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် မီးရှို့ဖျက်ဆီးမည့် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို ၂၀၂၃ ခုနှစ် ဇွန် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည်နယ်တွင် စိတ်ပြောင်းဆေးဝါး အမြောက်အမြားသိမ်းဆည်းရမိခဲ့ကြောင်း ဒီဇင်ဘာ ၁၈ ရက်ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာ၌ ဖော်ပြထားသည်။မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၄ ရက်က တာချီလိတ်မြို့ရှိ နေအိမ်တစ်အိမ်ကို သတင်းအရရှာဖွေရာ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ် (မက်သ်အဖက်တမင်း) ၁၄၁ ကီလိုဂရမ်၊ ကက်တမင်း ၂၃ ကီလိုဂရမ်နှင့် အက်တက်စီဆေးပြား ၁၂၈,၀၀၀ ပြားတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ယင်းနေ့တွင်ပင် တာချီလိတ်မြို့ရှိ နောက်ထပ်နေအိမ်တစ်အိမ်၌လည်း စိတ်ပြောင်းဆေးဝါး happy water ၂ ကီလိုဂရမ်၊ happy-5 ဆေးပြား ၁၆,၀၀၀ ပြားနှင့် အက်တက်စီအမှုန့် ၉ ကီလိုဂရမ်တို့ကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သည်။

သိမ်းဆည်းရမိသော စိတ်ပြောင်းဆေးဝါးများမှာ ဒေသကာလတန်ဖိုးငွေကျပ် ၅.၇ ဘီလီယံကျော်ရှိကြောင်း၊ ယင်းအမှုတွင် သံသယရှိသူ သုံးဦးကို ဖမ်းဆီးထားကြောင်း သတင်း‌၌ ဖော်ပြထားသည်။
အဆိုပါ သံသယရှိသူများကို ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)
#Myanmar #Narcotics #Seized #ShanState #မြန်မာ #စိတ်ပြောင်းဆေးဝါးများ #သိမ်ဆည်းရမိ #ရှမ်းပြည်နယ်
……………………………………

(English Version)
Large haul of narcotics seized in eastern Myanmar
YANGON, Dec. 18 (Xinhua) — Myanmar authorities have seized a significant amount of narcotics in eastern Myanmar’s Shan state, the state-run daily The Mirror reported on Wednesday.
Acting on a tip-off, anti-narcotics police searched a house in Tachileik town on Dec. 14 and confiscated 141 kg of ICE (methamphetamine), 23 kg of ketamine, and 128,000 ecstasy pills, the report said.
On the same day, police conducted another raid at a different house in the same town, and seized 2 kg of happy water, 16,000 happy-5 tablets, and 9 kg of ecstasy powder, it said.
The seized narcotics are approximately worth over 5.7 billion kyats (about 2.7 million U.S. dollars) on the black market. Three suspects were arrested in connection with the cases, it added.
The suspects have been charged under the country’s law, and further investigations are ongoing, it added.
Photo: Seized drugs to be burnt are seen in Yangon, Myanmar, June 26, 2023. (Photo by Myo Kyaw Soe/ Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.