Connect with us

China

တရုတ်နိုင်ငံ၏ အဏ္ဏဝါဥယျာဉ်တစ်ခုရှိ စက်ရုပ်ဝေလငါးမန်းအကြောင်း စိတ်ဝင်စားမှုများပြား

တရုတ်နိုင်ငံ တောင်ပိုင်း၊ ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ Xiaomeisha Sea World အဏ္ဏဝါဥယျာဥ်ရှိ စက်ရုပ်ဝေလငါးမန်းတစ်ကောင်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၂ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်းတွင် အသစ်ဖွင့်လှစ်လိုက်သော အဏ္ဏဝါဥယျာဥ်ရှိ စက်ရုပ်ဝေလငါးမန်းကြီးအကြောင်း မီဒီယာများတွင် အကျယ်တဝင့် ဖော်ပြလျက်ရှိကာ ထိုကဲ့သို့ အဏ္ဏဝါဥယျာဥ်များတွင် ဖန်တီးထားသောငါးများကို ထည့်သွင်းအသုံးပြုခြင်းက သင့်လျော်မှုရှိမရှိ ဆိုသည့်အပေါ် သုံးသပ်ဆွေးနွေးမှုများ ပေါ်ပေါက်လာခဲ့သည်။
အလျား ၅ မီတာရှိကာ အလေးချိန် ကီလိုဂရမ် ၅၀၀ ကျော်ရှိသည့် အဆိုပါ စက်ရုပ်ငါးကြီးသည် ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ Xiaomeisha Sea World အဏ္ဏဝါဥယျာဥ်ရှိ ငါးကန်ကြီးတစ်ခုအတွင်း ကူးခတ်သွားလာလျက်ရှိသည်။ ၎င်း၌ စက်ဖြင့်အလုပ်လုပ်သော ဆူးတောင်များပါရှိသဖြင့် ပကတိ ငါးမန်းတစ်ကောင်၏ သဘာဝလှုပ်ရှားမှုများဖြစ်သည့် ကူးခတ်ခြင်း၊ ကျွမ်းထိုးခြင်း၊ ရေပေါ်တွင် ပေါလောပေါ်ခြင်းနှင့် ရေငုပ်ခြင်းတို့ကို လုပ်ဆောင်နိုင်စွမ်းရှိကြောင်း သိရသည်။ (Xinhua)


…………………….
(English Version)
Robotic whale shark at marine park triggers discussion
A large robotic whale shark at a newly opened marine park in south China has made waves in the media, sparking discussions on whether using artificial fish in such parks is a proper practice.
Measuring 5 meters long and weighing over 500 kg, the colossal robot swims in a huge tank at Xiaomeisha Sea World in Shenzhen, Guangdong Province. With its mechanical fins, it can swim, turn, float and dive, mimicking the natural movements of a real shark.
English Caption
A robotic whale shark swims in a tank at Xiaomeisha Sea World in Shenzhen, south China’s Guangdong Province, Sept. 22, 2024. (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.