Connect with us

China

“တစ်နိုင်ငံ စနစ်နှစ်မျိုး” မူဝါဒကို ကာလရှည် လိုက်နာကျင့်သုံးရမည်ဟု သမ္မတရှီ ပြောကြား

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီးဖြစ်သူ ဖုန်လိယွမ်တို့က တရုတ်နိုင်ငံ တောင်ပိုင်း၊ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ၌ ကြိုဆိုနေသူများအား နှုတ်ဆက်နေသည်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

“တစ်နိုင်ငံ စနစ်နှစ်မျိုး” မူဝါဒမှာ ကာလရှည် လိုက်နာကျင့်သုံးရမည့် ကောင်းမွန်သော မူဝါဒတစ်ရပ်ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဒီဇင်ဘာ ၂၀ ရက်၌ ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီက အမိမြေသို့ မကာအို ပြန်လည်ရောက်ရှိမှု ၂၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ကျင်းပသည့် တွေ့ဆုံပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားစဥ်အတွင်း အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အမိမြေသို့ ပြန်လည်ရောက်ရှိချိန်မှစ၍ မကာအို၏ ပြောင်မြောက်သော တိုးတက်အောင်မြင်မှုများက “တစ်နိုင်ငံ စနစ်နှစ်မျိုး” မူဝါဒတွင် သိသာထင်ရှားသော အဖွဲ့အစည်းဆိုင်ရာ စွမ်းပကားများနှင့် အံ့မခန်းလောက်သည့် သက်ဝင်လှုပ်ရှားမှုများ ရှိနေသည်ကို ကမ္ဘာကြီးအား သက်သေပြုလျက်ရှိသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/ZKK


………………..
(English Version)
Xi says “one country, two systems” policy must be long upheld
Chinese President Xi Jinping said Friday that “one country, two systems” is a good policy that must be adhered to for a long time.
Xi, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, made the remarks while addressing a gathering held in the Macao Special Administrative Region (SAR) to mark the 25th anniversary of Macao’s return to the motherland.
The great achievements of Macao since its return have proven to the world that “one country, two systems” has prominent institutional strengths and tremendous vitality.
English Caption
Chinese President Xi Jinping, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, and his wife Peng Liyuan greet the welcoming crowd in Macao, south China, Dec. 18, 2024. (Xinhua/Xie Huanchi)