Connect with us

China

တရုတ်နိုင်ငံ ငလျင်ဒဏ်သင့် ဗနွားတူနိုင်ငံကို အရေးပေါ်အကူအညီများ ပေးအပ်

တရုတ်နိုင်ငံ အစိုးရသည် ငလျင်ဒဏ်ခံစားခဲ့ရသော ဗနွားတူနိုင်ငံကို သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းဆောင်ရွက်မှုများအား အထောက်အကူဖြစ်စေရန် အရေးပေါ်အကူအညီ အမေရိကန်ဒေါ်လာ တစ်သန်း ပံ့ပိုးကူညီခဲ့ကြောင်း တရုတ် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု‌ အေဂျင်စီ၊ ပြောရေးဆိုခွင့်ရှိသူ Li Ming က ဒီဇင်ဘာ ၂၃ ရက်၌ ပြောကြားခဲ့သည်။
ဗနွားတူနိုင်ငံ၏ တောင်းဆိုချက်အရ တရုတ်နိုင်ငံသည် သဘာဝဘေးအန္တရာယ် ကနဦး အကဲဖြတ်မှု ဆောင်ရွက်ရန် ယင်းနိုင်ငံအခြေစိုက် တရုတ်စီးပွားရေးလုပ်ငန်းများမှ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သလို ဗနွားတူနိုင်ငံရှိ တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့ကလည်း ဆေးကုသရေး၊ ကယ်ဆယ်ရေး၊ ဒဏ်ရာရသူများကို အကူအညီပေးရေး စသည်တို့၌ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း Li က ဆိုသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/ZP6


……………………..
(English Version)
China provides emergency assistance to quake-hit Vanuatu
The Chinese government has provided 1 million U.S. dollars in emergency assistance to the quake-hit Vanuatu to support the country’s response to the disaster and reconstruction efforts, said Li Ming, spokesperson for the China International Development Cooperation Agency on Monday.
At the request of Vanuatu, the Chinese side has coordinated experts from Chinese enterprises based in the country to conduct a preliminary disaster assessment, and the Chinese medical team in Vanuatu has actively participated in the treatment, rescue and operation of injured individuals, said Li. xhtxs.cn/ZP6

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.