China
တရုတ်နိုင်ငံနှင့် အီရန်နိုင်ငံက ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး စီမံချက်ကို တစ်ဆင့်တိုး၍ ဖော်ဆောင်ရန် သဘောတူညီ
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အီရန်နိုင်ငံခြားရေးဝန်ကြီး ဆေယက် အဘာ့စ် အာရက်ဂ်ချီနှင့် ပေကျင်းမြို့တွင် ဒီဇင်ဘာ ၂၈ ရက်၌ တွေ့ဆုံဆွေးနွေးခဲ့ကာ တရုတ်-အီရန် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး စီမံချက် ဖော်ဆောင်ရေးကို တစ်ဆင့်တိုး၍ မြှင့်တင်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။
၁၆ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး၌ နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး၏ အကျိုးရှိသော တွေ့ဆုံဆွေးနွေးမှုက တရုတ်-အီရန် ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေရေးအတွက် မဟာဗျူဟာမြောက် လမ်းညွှန်ချက် ချမှတ်ပေးခဲ့ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/Z1Z
………………………
(English Version)
China, Iran agree to further implement comprehensive cooperation plan
Chinese Foreign Minister Wang Yi held talks with Iranian Foreign Minister Seyyed Abbas Araghchi in Beijing on Saturday, agreeing to further promote the implementation of the China-Iran comprehensive cooperation plan.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, said that the successful meeting between the two heads of state during the 16th BRICS Summit provided strategic guidance for deepening China-Iran relations. xhtxs.cn/Z1Z