Connect with us

China

တရုတ်နိုင်ငံတွင် တောတွင်းနေပန်ဒါအကောင်ရေ ၁,၉၀၀ နီးပါးရှိလာ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ ယုံချွမ်းခရိုင်ရှိ Locajoy တိရစ္ဆာန်ဥယျာဉ်တွင် Qiao Yue ပန်ဒါကြီးကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် တောတွင်းနေ ပန်ဒါကြီးမျိုး အကောင်ရေမှာ ၁,၉၀၀ ခန့် ရှိလာပြီဖြစ်ကာ ၁၉၈၀ ပြည့်လွန်နှစ်များက အကောင်ရေ ၁,၁၀၀ ခန့်ရှိရာမှ မြင့်တက်လာခြင်းဖြစ်ကြောင်း အမျိုးသားသစ်တောနှင့် မြက်ခင်းပြင်စီမံခန့်ခွဲမှုဦးစီးဌာနက ဇန်နဝါရီ ၂၅ ရက်၌ ပြောကြားခဲ့သည်။

ယခုလို သိသိသာသာမြင့်တက်လာသော အရေအတွက်သည် တရုတ်နိုင်ငံ၏ အဆင့်မြင့်ကာကွယ်ထိန်းသိမ်း ဆောင်ရွက်မှုများကြောင့် ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာန တာဝန်ရှိသူ Zhang Yue က ပြောခဲ့သည်။
ပန်ဒါကြီးမျိုးအမျိုးသားဥယျာဉ်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဧရိယာအကျယ်အဝန်းအနေဖြင့် စတုရန်းကီလိုမီတာ ၂၂,၀၀၀ ကျော်ရှိကာ ပန်ဒါကြီးမျိုး ၇၂ ရာခိုင်နှုန်းအား ထိရောက်သောကာကွယ်စောင့်ရှောက်မှုဖြင့် ပံ့ပိုးမှုပေးထားကြောင်း Zhang က ဆိုသည်။

ပန်ဒါကြီးမျိုး နေထိုင်ကျက်စားလေ့ရှိသော ကာကွယ်ထိန်းသိမ်းထားသော ဧရိယာများမှာ ၂၀၁၂ ခုနှစ်မှစ၍ ဟက်တာ ၁.၃၉ သန်း ရှိရာမှ ၂.၅၈ သန်းအထိ ကျယ်ပြန့်လာခဲ့ပြီး တောတွင်းနေ ပန်ဒါကြီးမျိုးအကောင်ရေ ဘေးကင်း၍ စဉ်ဆက်မပြတ် တိုးတက်မှုကို ထိရောက်စွာ ထိန်းသိမ်းလျက်ရှိကြောင်း ဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။ (Xinhua)

………………………………
(English Version)
China’s wild panda population nears 1,900
BEIJING, Jan. 25 (Xinhua) — The population of giant pandas in the wild in China is currently around 1,900, rising from about 1,100 in the 1980s, the National Forestry and Grassland Administration said Thursday.
This significant increase is largely due to China’s intensified protection efforts, said Zhang Yue, an official with the administration.
The Giant Panda National Park was established in October 2021, covering a total area of over 22,000 square kilometers and providing around 72 percent of wild giant pandas with significant protection, Zhang said.
Protected areas of the giant panda habitat have grown from 1.39 million hectares to 2.58 million hectares since 2012, effectively maintaining the safety and sustainable development of the wild panda population, data from the administration showed.