Connect with us

China

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်က မော်တော်ယာဉ်တင်ပို့မှု အများဆုံးအဖြစ် ရပ်တည်နေ

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် ဖူကျိုးမြို့ရှိ ဖူကျိုးဆိပ်ကမ်း Jiangyin ဂိတ်ပေါက်တွင် မော်တော်ယာဉ်များတင်ပို့ရန် ရပ်နားထားသည်ကို ၂၀၂၄ ခုနှစ် မတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖူကျိုး၊ မတ် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ဖူကျိုးဆိပ်ကမ်း၊ Jiangyin ဂိတ်ပေါက်တွင် SAIC Motor ကော်ပိုရေးရှင်းလီမိတက်၊ Ningde စက်ရုံ၏ ခရီးသည်တင်ကားအလုပ်ရုံမှ ထုတ်လုပ်လိုက်သော မော်တော်ယာဉ် အစီးရေ လေးထောင်ကို ကားအတက်အဆင်းပြုလုပ်နိုင်သော ro-ro ကုန်တင်သင်္ဘော “Wisdom Ace” ပေါ်သို့ တင်ဆောင်လျက် မတ် ၁၂ ရက်က ထွက်ခွာသွားခဲ့သည်။ အဆိုပါ မော်တော်ယာဉ်များကို နယ်သာလန်၊ အီဂျစ်နှင့် ဗြိတိန် စသည့်နိုင်ငံများသို့ ပို့ဆောင်မည်ဖြစ်သည်။ စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ်အစီးရေ ၂,၈၀၀ ပါဝင်သော ထိုပမာဏမှာ ဖူကျန့်ပြည်နယ်တွင် မော်တော်ယာဉ်အစီးရေ တစ်ကြိမ်တည်းတင်ပို့မှုအများဆုံးလည်းဖြစ်ကြောင်း သတင်းများအရ သိရသည်။

ယခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ အကောက်ခွန်ဌာန အချက်အလက်များအရ ဖူကျန့်ပြည်နယ်သည် မော်‌တော်ယာဉ်တင်ပို့မှုမှ ယွမ် ၂.၀၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၈၈.၄၁ သန်းခန့်) ရရှိခဲ့ရာ ယမန်နှစ် အလားတူကာလအသီးသီးနှင့် နှိုင်းယှဉ်ပါက ၁၂၃ ရာခိုင်နှုန်းနှင့် ၆၉ ရာခိုင်နှုန်းစီ မြင့်တက်ခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် ဖူကျိုးမြို့ရှိ ဖူကျိုးဆိပ်ကမ်း Jiangyin ဂိတ်ပေါက်တွင် မော်တော်ယာဉ်များတင်ပို့ရန် ro-ro ကုန်တင်သင်္ဘောပေါ်သို့တင်နေသည်ကို ၂၀၂၄ ခုနှစ် မတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………….
(English Version)
Fujian sees largest single load of export vehicles
FUZHOU, March 12 (Xinhua) — Four thousand vehicles produced by the passenger car workshop of Ningde base of SAIC Motor Corporation Ltd. on Tuesday boarded the ro-ro cargo vessel “Wisdom Ace” at Jiangyin terminal of Fuzhou Port. This batch of vehicles will be sent to countries including the Netherlands, Egypt, and Britain. According to reports, this is the largest single load of export vehicles in Fujian Province, which include 2,800 new energy vehicles.
Customs data showed that from January to February this year, Fujian Province exported 15,377 vehicles with a value of 2.07 billion yuan (about 288.41 million U.S. dollars), up 123 percent and 69 percent respectively compared with the same period last year.
Photo 1: An aerial drone photo taken on March 12, 2024 shows vehicles for export parking at Jiangyin terminal of Fuzhou Port in Fuzhou, southeast China’s Fujian Province. (Xinhua/Lin Shanchuan)
Photo 2: An aerial drone photo taken on March 12, 2024 shows vehicles for export being loaded into a ro-ro cargo vessel at Jiangyin terminal of Fuzhou Port in Fuzhou, southeast China’s Fujian Province. (Xinhua/Lin Shanchuan)