China
၂၀၂၄ ခုနှစ် ဘိုးအောက်ဖိုရမ် အောင်မြင်စွာကျင်းပပြီးစီး
ဘိုးအောက်၊ ဟိုင်နန်၊ မတ် ၃၀ ရက် (ဆင်ဟွာ)
၂၀၂၄ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် (BFA) နှစ်ပတ်လည်အစည်းအဝေးကို တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းပြည်နယ် ဘိုးအောက်ကမ်းရိုးတန်းမြို့တွင် မတ် ၂၉ ရက်က ကျင်းပပြီးစီးခဲ့ကြောင်းနှင့် သဘောတူညီချက်များစွာ ရရှိခဲ့ကြောင်း သိရသည်။
“နိုင်ငံအားလုံးအနေနဲ့ ဒီနေ့ခေတ်ကမ္ဘာကြီးရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို သတိရှိထားရမှာဖြစ်ပါတယ်” ဟု BFA အထွေထွေအတွင်းရေးမှူး Li Baodong က နှစ်ပတ်လည်အစည်းအဝေး ပိတ်ပွဲအခမ်းအနား၌ ပြောကြားခဲ့သည်။ နိုင်ငံများအားလုံးအနေဖြင့် ကမ္ဘာ့စီးပွားရေးပြန်လည်နာလန်ထူမှု နှေးကွေးခြင်း၊ ဒေသတွင်းပဋိပက္ခများ ဆက်လက်ရှိနေခြင်း စသည့် ဘုံစိန်ခေါ်မှုများကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ အတူတကွဆောင်ရွက်ခြင်းဖြင့်သာ မိမိတို့အနေဖြင့် စိန်ခေါ်မှုများကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
အာရှဒေသသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ခေတ်သစ်တွင် ဦးဆောင်လျက်ရှိကြောင်းနှင့် တရုတ်နိုင်ငံက ကိုဗစ်-၁၉ အလွန်ခေတ် ကမ္ဘာ့စီးပွားရေး စဉ်ဆက်မပြတ်တိုးတက်မှု၏ ထောက်တိုင်တစ်ခုဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံသည် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ထပ်မံတံခါးဖွင့်လှစ်မှု အဆင့်မြှင့်တင်လျက်ရှိသလို ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို အကြီးမားဆုံး ပံ့ပိုးကူညီသူအဖြစ် ဆက်လက်ရှိနေမည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။
ယခုနှစ်၏ BFA နှစ်ပတ်လည်အစည်းအဝေးကို “အာရှနှင့် ကမ္ဘာကြီး – ဘုံစိန်ခေါ်မှုများ၊ တာဝန်ဝတ္တရားများ မျှဝေခြင်း” ဟူသော ခေါင်းစဉ်ဖြင့် မတ် ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါ အစည်းအဝေးသို့ နိုင်ငံနှင့် ဒေသ ၆၀ ကျော်မှ ကိုယ်စားလှယ် ၂,၀၀၀ ခန့်၊ နိုင်ငံနှင့် ဒေသ ၄၀ နီးပါးမှ သတင်းထောက် ၁,၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
၂၀၀၁ ခုနှစ်တွင် တည်ထောင်ထားသော BFA သည် အစိုးရမဟုတ်သော၊ အကျိုးအမြတ်မယူသော အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ဒေသတွင်းစီးပွားရေးပေါင်းစည်းမှု မြှင့်တင်ရန်နှင့် အာရှနိုင်ငံများကို ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ ပိုမိုနီးကပ်လာစေရန် ဆောင်ကြဉ်းပေးရန် ကတိပြုထားကြောင်း သိရသည်။ (Xinhua)
…………………………………..
(English Version)
Boao forum 2024 concludes on successful note
BOAO, Hainan, March 29 (Xinhua) — The Boao Forum for Asia (BFA) Annual Conference 2024 concluded Friday in Boao, a coastal town in China’s island province of Hainan, with a series of consensus reached.
“All parties are more aware of the challenges facing the world today,” said Li Baodong, BFA secretary general at the closing press conference, adding that all countries are encountering common challenges including the sluggish global economic recovery and the persistence of regional conflicts. “Only by working together can we better handle the challenges.”
Asia is leading a new era of sustainable development, and China is the pillar of sustainable development of the world economy in the post-COVID-19 era, he noted.
China is advancing high-quality development and further opening up, and the country is expected to remain the largest contributor to global economic growth, he said.
The BFA annual conference this year took place from March 26 to 29, with the theme “Asia and the World: Common Challenges, Shared Responsibilities.”
The conference drew about 2,000 delegates from over 60 countries and regions and more than 1,100 journalists from nearly 40 countries and regions.
Founded in 2001, the BFA is a non-governmental and non-profit international organization committed to promoting regional economic integration and bringing Asian countries closer to their development goals.
Photo: A panel discussion themed on “Asia: Building an Epicentrum of Growth” is held during the Boao Forum for Asia (BFA) Annual Conference 2024 in Boao, south China’s Hainan Province, March 28, 2024. (Xinhua/Zhang Liyun)