China
ထိုင်ဝမ်တွင် ငလျင်ဘေးအလွန် ပြန်လည်နေရာချထားရေးအတွက် ပြည်မကြီးက အကူအညီပေးလိုကြောင်း ပြောခွင့်ရပုဂ္ဂိုလ်ပြောကြား

ပေကျင်း၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)
တရုတ်ပြည်မကြီးအနေဖြင့် ထိုင်ဝမ်ဒေသ ဟွားလျန်ခရိုင်ရှိ ပြည်သူများအား ငလျင်ဘေးအလွန်နှင့် စပ်လျဉ်းသောလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အကူအညီပေးလိုကြောင်း နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ ကျူဖုန်းလျန်က ဧပြီ ၁၀ ရက်၌ ပြောကြားခဲ့သည်။ ငလျင်သဘာဝဘေးအန္တရာယ်နှင့် နောက်ဆက်တွဲအခြေအနေများကို ပြည်မကြီးက အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း ၎င်းက ဆိုသည်။ ထိုင်ဝမ်ရှိ ဟွားလျန် ပင်လယ်ပြင်၌ ဧပြီ ၃ ရက်က အင်အား ၇.၃ အဆင့်ရှိသော ငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ (Xinhua)
အပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/Svx
…………………………………………
(English Version)
Mainland willing to assist with post-quake resettlement in Taiwan: spokesperson
BEIJING, April 10 (Xinhua) — The mainland is willing to assist people in Taiwan’s Hualien County in carrying out post-earthquake resettlement and other related work, a spokesperson said on Wednesday. Zhu Fenglian, a spokesperson for the State Council Taiwan Affairs Office, said the mainland has been closely following the disaster and its aftermath. A 7.3-magnitude earthquake hit waters off Hualien in Taiwan on April 3.