Connect with us

Asia

အိန္ဒိယနိုင်ငံ စက်ရုံတစ်ခု၌ ဘွိုင်လာအိုးပေါက်ကွဲမှု ဖြစ်ပွားသဖြင့် နှစ်ဦးသေဆုံး၊ ၂၅ ဦးဒဏ်ရာရရှိ

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့အနီး ဟာရာနာပြည်နယ်၊ Rozka Meo စက်မှုနယ်မြေရှိ Pusilin Biotechnology Private လီမိတက်တွင် ပေါက်ကွဲမှုဖြစ်ပွားသောနေရာ၌ ရှင်းလင်းနေသူများကို ၂၀၁၉ ခုနှစ် ဇွန် ၁၀ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ ၊ မေ ၁၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟာရာနာပြည်နယ်ရှိ စက်ရုံတစ်ခုအတွင်း၌ ဘွိုင်လာအိုးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အလုပ်သမားနှစ်ဦးသေဆုံးပြီး အခြားသူ ၂၅ ဦးဒဏ်ရာရရှိကြောင်း မေ ၁၆ ရက်တွင် ရဲတပ်ဖွဲ့က ပြောကြားသည်။ ဆိုနီပက်ခရိုင် ခွန်းလီမြို့ ရှိ စက်ရုံတစ်ခုအတွင်း၌ မေ ၁၅ ရက် ညက ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စက်ရုံတစ်ခုအတွင်း ဘွိုင်လာအိုးတစ်ခု ပေါက်ကွဲမှု ဖြစ်ပွားသောကြောင့် အလုပ်သမား ဒါဇင်နှင့်ချီပြီး ဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ချက်ချင်းပို့ဆောင်ပေးခဲ့ကြောင်း ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
ပေါက်ကွဲမှုမှာ ပြင်းထန်သဖြင့် အနီးနားရှိ အဆောက်အအုံများလည်း ပျက်စီးခဲ့ရကြောင်း သိရသည်။ အခင်းဖြစ်ပွားမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ က စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

……………………….
(English Version)
2 killed, 25 injured as boiler explodes in factory in India
NEW DELHI, May 16 (Xinhua) — Two workers were killed and 25 others injured after a boiler exploded inside a factory in the northern Indian state of Haryana, police said Thursday.
The explosion took place Wednesday night inside the factory in Kundli town of Sonipat district.
“Last night, a boiler blasted in a factory, injuring over two dozen workers working inside it,” a police official said. “The injured were immediately transported to the hospital, where two were declared dead and 25 others admitted for treatment of burns.”
According to police, the workers were busy in their work at the factory when the boiler exploded all of a sudden with a huge bang.
The blast was so severe that it also damaged the adjoining buildings.
Police have registered a case and ordered an investigation to ascertain the reason behind the explosion. ■
Workers are seen at the site of explosion at the Pusilin Biotechnology Private Limited located in the Rozka Meo Industrial Area in India’s northern state of Haryana, adjacent to New Delhi, on June 10, 2019. (Xinhua/Zhang Naijie)