Connect with us

International Organizations

ကပ်ရောဂါဆိုင်ရာသဘောတူညီချက် ညှိနှိုင်းဆွေးနွေးမှုများတွင် WHO ဆက်လက်ဦးဆောင်ရန် တရုတ်နိုင်ငံက ထောက်ခံ

ဂျီနီဗာ၊ မေ ၃၀ ရက် (ဆင်ဟွာ)
ကပ်ရောဂါဆိုင်ရာ သဘောတူညီချက်ဆွေးနွေးမှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဆက်လက်ဦးဆောင်မည်ဟု တရုတ်နိုင်ငံအနေဖြင့် မျှော်လင့်ကြောင်း တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ကာကွယ်ရေးဦးစီးဌာန (NDCPA) က ပြောကြားခဲ့သည်။

ကပ်ရောဂါဆိုင်ရာသဘောတူညီချက် ညှိနှိုင်းဆွေးနွေးမှုသည် အနာဂတ်တွင် ပြည်သူ့ကျန်းမာရေးစီမံအုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေး၏ အရေးပါသော အစိတ်အပိုင်းဖြစ်ကြောင်း NDCPA ကျန်းမာရေးအရေးပေါ်အခြေအနေ တုံ့ပြန်ရေးတာဝန်ရှိသူ Hu Guang က ပြောခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ထိုညှိနှိုင်းဆွေးနွေးချက်များ၌ တက်ကြွစွာပါဝင်ဆောင်ရွက်ချက်ရှိပြီး အဆိုပါ သဘောတူညီချက်မူကြမ်းရေးဆွဲရာတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း Hu က မီဒီယာများအား ပြောခဲ့သည်။ (Xinhua)

……………………………………..
(English Version)
China supports WHO in continuing to lead pandemic agreement negotiations
GENEVA, May 29 (Xinhua) — China hopes that the World Health Organization (WHO) continues to lead the talks over the pandemic agreement, an official with China’s National Disease Control and Prevention Administration (NDCPA) said here Tuesday.
The pandemic agreement is one of the key elements of global public health governance reform in the future, said Hu Guang, who is in charge of NDCPA’s health emergency response. China has been actively participating in the negotiations, playing a constructive role in drafting the agreement, Hu said in an interview with media.