Connect with us

China

အမေရိကန်က ဒုံးကျည်စနစ်ကို ဖိလစ်ပိုင်တွင် ဖြန့်ကြက်ခြင်းက အာရှ-ပစိဖိတ်ဒေသတစ်ခုလုံးအား ခြိမ်းခြောက်မှုအောက်သို့ ရောက်ရှိစေဟု တရုတ်ပြော

ပေကျင်း၊ မေ ၃၁ ရက် (ဆင်ဟွာ)

အမေရိကန်က ၎င်းတို့၏ တာလတ်ပစ်ဒုံးကျည်စနစ်တစ်ခုကို ဖိလစ်ပိုင်တွင် ဖြန့်ကြက်လိုက်ခြင်းသည် အာရှ-ပစိဖိတ်ဒေသတစ်ခုလုံးအား အမေရိကန်၏ လက်နက်ခြိမ်းခြောက်မှုအောက်သို့ ရောက်ရှိစေကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မေလ ၃၀ ရက်တွင်ပြောကြားသည်။

အမေရိကန်၏ လုပ်ဆောင်ချက်ကို တရုတ်နိုင်ငံက သတိထားစောင့်ကြည့်လျက်ရှိပြီး ယင်းလုပ်ဆောင်ချက်ကို ဆန့်ကျင်ကြောင်း၊ အမေရိကန်တို့သည် စစ်ရေးလေ့ကျင့်မှုများကို အကြောင်းပြ၍ ဖိလစ်ပိုင်နိုင်ငံတွင် ၎င်းတို့၏ Typhon ဒုံးကျည်စနစ်ကို ဖြန့်ကြက်ခြင်းဖြစ်ကြောင်း တရုတ်အစိုးရက တုံ့ပြန်ထားသည်။

ထို့ပြင် အမေရိကန်၏ ယခုလိုလုပ်ဆောင်ချက်သည် စစ်အေးတိုက်ပွဲပြီးဆုံးချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ် ၎င်းတို့၏ တာလတ်ပစ်ဒုံးကျည်စနစ်ကို အာရှ-ပစိဖိတ်ဒေသ၌ ဖြန့်ကြက်ခြင်းဖြစ်ရာ အမေရိကန်နှင့် ဖိလစ်ပိုင်တို့၏ လုပ်ဆောင်ချက်သည် ဒေသတွင်း တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို လျော့ပါးစေမည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဆက်လက်ပြောကြားသည်။

ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန်နှင့် စစ်ရေးပူးပေါင်းရန် ဆုံးဖြတ်ခဲ့ခြင်းသည် အာဆီယံနိုင်ငံများအတွက် ချမှတ်ထားသည့် လမ်းညွှန်ချက်မှ သွေဖည်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံက ဆက်လက်တုံ့ပြန်ပြောကြားခဲ့ကြောင်းသိရသည်။ (Xinhua)

………………………..
(English Version)
China denounces U.S. deployment of mid-range missile system in Philippines
BEIJING, May 30 (Xinhua) — A Chinese defense spokesperson on Thursday denounced the deployment of a mid-range missile system by the United States in the Philippines, saying the moves of the two countries have put the whole Asia-Pacific region under the threat of U.S. weaponry.
“The Chinese side is highly vigilant against and firmly opposed to this,” said spokesperson Wu Qian in response to a media query regarding the deployment of the U.S. Typhon Mid-Range Capability missile system in the Philippines under the excuse of military exercises.
Wu noted that it is the first time the U.S. has deployed a mid-range missile system overseas and to the Asia-Pacific since the end of the Cold War.
What the U.S. and the Philippines did has caused a great risk of war and will seriously impact the security architecture and undermine peace and stability in the region, said Wu.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.