Connect with us

Africa & Middle East

အစ္စရေးနိုင်ငံ၌ အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြားဌာနအား ထုတ်လွှင့်ခွင့် ပိတ်ပင်

ဂျေရုဆလင်၊ မေ ၆ ရက် (ဆင်ဟွာ)
အစ္စရေးနိုင်ငံ၌ အယ်လ်ဂျာဇီးယားရုပ်မြင်သံကြားဌာနကို ထုတ်လွှင့်ခွင့် ပိတ်ပင်ရန်အတွက် ဆုံးဖြတ်ချက်ကို အစ္စရေးအစိုးရအဖွဲ့က ယမန်နေ့တွင် အတည်ပြုခဲ့ကြောင်း သိရသည်။ ၎င်းဆုံးဖြတ်ချက်အရ အယ်လ်ဂျာဇီးယားအင်္ဂလိပ်ဘာသာနှင့် အယ်လ်ဂျာဇီးယား အာရပ်ဘာသာ ရုပ်မြင်သံကြားချန်နယ်များအား ပဏာမအဖြစ် ၄၅ ရက် ထုတ်လွှင့်ခွင့် ပိတ်ပင်မည်ဖြစ်သည်။
အစ္စရေးနိုင်ငံကို ဆန့်ကျင်ပြီး ရုပ်သံလုပ်ငန်း ထုတ်လွှင့်ဆောင်ရွက်သည့် မည်သည့်အဖွဲ့အစည်းကိုမဆို နိုင်ငံအတွင်း ရုပ်သံထုတ်လွှင့်ခွင့် ပိတ်ပင်မည်ဖြစ်ပြီး ၎င်းလုပ်ငန်းမှ ကိရိယာများကိုလည်း သိမ်းဆည်းမည် ဟု ဆက်သွယ်ရေးဝန်ကြီး ရှလိုမို ကာဟီကလူမှုမီဒီယာ အိပ်စ်တွင် ပြောကြားသည်။ ယခုဆောင်ရွက်ချက်သည် နိုင်ငံအတွင်းရှိ ပြည်ပရုပ်သံလွှင့် ဌာနများအား ဝန်ကြီးချုပ်က နိုင်ငံလုံခြုံရေးအတွက် ခြိမ်းခြောက်သည်ဟု ယူဆပါက ပိတ်ပင်ရန် အစိုးရအဖွဲ့အား အခွင့်အာဏာပေးနိုင်သည့်ဥပဒေ ကို ဧပြီလအတွင်းက အတည်ပြုခဲ့ပြီးနောက် ဆောင်ရွက်ခြင်းဖြစ်သည်။ အယ်လ်ဂျာဇီးယားရုပ်မြင်သံကြားဌာနသည် ဟားမက်စ်အဖွဲ့နှင့် နီးစပ်သည့် ဆက်ဆံရေးရှိသည့်အပြင် ဂါဇာဒေသနှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ချက်များတွင် ပါလက်စတိုင်း လိုလားသည့် ရပ်တည်ချက်ရှိကြောင်း အစ္စရေးက စွပ်စွဲခဲ့သည်။ (Xinhua)
……………………..
(English Version)
Israeli cabinet approves ban on Al Jazeera operations in Israel
JERUSALEM, May 5 (Xinhua) — The Israeli cabinet unanimously approved the shutdown of the Al Jazeera channel and office in the country on Sunday.
Under the decision, Al Jazeera Arabic and Al Jazeera English operations in Israel could be banned for an initial period of 45 days, with the possibility of indefinite renewal.
“Anyone who incites against the State of Israel… will no longer broadcast from Israel here, and his equipment will be confiscated,” Karhi said in a video posted on social media platform X.
The move came after the Israeli parliament, or Knesset, approved a law in April granting the cabinet authority to shut down foreign broadcasts in Israel if Prime Minister Benjamin Netanyahu deems them, based on the opinion of Israeli security services, to pose a national security threat.
Israel has long accused Al Jazeera of having close ties with Hamas, which the channel denies, and a pro-Palestinian stance in its coverage of Israel’s actions in the occupied Gaza Strip and West Bank. ■