Connect with us

China

ဆင်ဟွာနှင့် ရိုက်တာ ဥက္ကဋ္ဌများ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေး

ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ဖုဟွာ နှင့် ရိုက်တာသတင်းအေဂျင်စီ ဥက္ကဋ္ဌ Paul Bascobert တို့ အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ၂၀၂၄ ခုနှစ် ဇွန် ၁၂ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ဖုဟွာနှင့် ရိုက်တာသတင်းအေဂျင်စီ ဥက္ကဋ္ဌ Paul Bascobert တို့သည် ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် အကျိုးစီးပွားကိစ္စရပ်များ မြှင့်တင်ရေးအတွက် ဇွန် ၁၂ ရက်က နယူးယောက်မြို့တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
နှစ်ဘက် ပူးပေါင်းဆောင်ရွက်မှု ထူထောင်ခဲ့သည်မှာ နှစ်ပေါင်း ၇၀ နီးပါး ရှိပြီဖြစ်ကြောင်း၊ မကြာသေးမီနှစ်များအတွင်း အဆင့်မြင့် ကူးလူးဆက်ဆံမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၌ တိုးတက်မှုအသစ်များ မကြာခဏတွေ့ရှိရကြောင်း အမေရိကန်နိုင်ငံတွင် ရောက်ရှိနေသည့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဖု က ပြောခဲ့သည်။
နှစ်ဖက်အဖွဲ့အစည်းအနေဖြင့် ထွန်းသစ်စ နည်းပညာများ၊ နိုင်ငံတကာ သတင်းဝန်ဆောင်မှုများနှင့် အခြားနယ်ပယ်များကို အကျိုးရှိစွာအသုံးချရေးဆိုင်ရာ အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို တိုက်တွန်းအားပေးလျက်ရှိမည်ဟု မျှော်လင့်ကြောင်း ဖုက ပြောကြားခဲ့သည်။
ရိုက်တာသတင်းအေဂျင်စီ ဥက္ကဋ္ဌ Paul Bascobert က ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေးကို နှစ်ဖက်အဖွဲ့အစည်းက ပူးပေါင်းထူထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းမှာ မီဒီယာလုပ်ငန်းအတွက် လွန်စွာအရေးပါသော ကွန်ဖရင့်တစ်ခုဖြစ်လာကြောင်း၊ ၎င်းအနေဖြင့် လာမည့် ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေးတွင် မီဒီယာလုပ်ငန်း၌ နောက်ဆုံးပေါ် ဉာဏ်ရည်တုဖွံ့ဖြိုးတိုးတက်မှုကို မျှဝေမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် အတူတကွလုပ်ငန်းဆောင်ရွက်မှုနှင့် မတူညီသောယဉ်ကျေးမှုဓလေ့များကို အပြန်အလှန်နားလည်မှုဆီသို့ လမ်းညွှန်ဆောင်ရွက်ရန် အထောက်အကူပြုမှုက အရေးကြီးကြောင်း Bascobert က မှတ်ချက်ပြုခဲ့သည်။
ထို့နောက် ဥက္ကဋ္ဌနှစ်ဦးတို့သည် ဉာဏ်ရည်တု၊ ဗီဒီယိုဝန်ဆောင်မှုများနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် အခွင့်အလမ်းများဆိုင်ရာ အကြံဉာဏ်များကိုလည်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
Xinhua, Reuters presidents hold talks on cooperation
NEW YORK, June 13 (Xinhua) — President of Xinhua News Agency Fu Hua on Wednesday met here with Paul Bascobert, president of Reuters, on promoting cooperation and topics of mutual interest.
Building upon bilateral cooperation in nearly 70 years, the two sides have seen frequent high-level exchanges and new developments in cooperation in recent years, said Fu, who heads a delegation in the United States.
Fu expressed his hope that the two organizations reinforce mutually beneficial cooperation on the utilization of emerging technologies, international news services, and others.
Bascobert said the two sides jointly built the World Media Summit, which became a very important conference for the media industry, and he looks forward to sharing the latest developments of artificial intelligence in the industry at the next World Media Summit.
Bascobert noted the importance of working together and helping to guide different cultures toward mutual understanding.
The two sides also exchanged ideas on artificial intelligence, video services, and opportunities in tourism promotion.
Photo: President of Xinhua News Agency Fu Hua meets with Paul Bascobert, president of Reuters, in New York, the United States, June 12, 2024. (Xinhua/Li Rui)