Connect with us

China

တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်း၊ ဒေသခံ ၂၇,ဝဝဝ နီးပါး ဘေးလွတ်ရာသို့ပြောင်းရွှေ့

ဖူကျိုး၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ်ရှိ နန်ဖိန်၊ စန်းမင်နှင့် အခြား သောမြို့များရှိ လူပေါင်း ၅၁,၅၀၀ မှာ ဇွန် ၁၄ ရက် နံနက် ၆ နာရီ အထိ မိုးသည်းထန်စွာရွာသွန်းမှုဒဏ်ကို ခံစားခဲ့ရသည်။
ဒေသခံပေါင်း ၂၇,၀၀၀ ကိုဘေးလွတ်ရာသို့ပြောင်းရွှေ့ပေးခဲ့ရသည် ဟု ဒေသခံအာဏာပိုင်များက ပြောသည်။ ယခုကာလအတွင်း ဖူကျန့် ပြည်နယ်အတွင်းရှိ သီးနှံစိုက်ပျိုးမြေ ဟက်တာပေါင်း ၃,၁၃၃ မှာ ပျက်စီးခဲ့ရသည်ဟု ပြည်နယ်ရေကြီးမှုထိန်းချုပ်ရေး အာဏာပိုင်များကပြောသည်။ ဇွန် ၉ ရက် နံနက် ၈နာရီမှ ဇွန် ၁၄ ရက် နံနက် ၆ နာရီအထိ ဖူကျန့်ပြည်နယ်တစ်ဝန်း မြို့နယ်ပေါင်း ၃၈၆ မြို့နယ်တွင် စုစုပေါင်း မိုးရေချိန် ၁၀၀ မီလီမီတာကျော် ရွာသွန်းခဲ့သည်။
ခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီးနောက် ဒေသဆိုင်ရာ အရေးပေါ်ပြုပြင်ရေး ဝန်ထမ်းများက လျှပ်စစ်ဓာတ်အားပေးစက်များ တပ်ဆင်ထားသည့်ကားများဖြင့် နန်ဖိန်မြို့ရှိ နေအိမ်များ လျှပ်စစ် ဓာတ်အားပြန်လည်ရရှိရေး ကူညီပေးခဲ့ကြသည်။ (Xinhua)
……………………
(English Version)
Nearly 27,000 residents evacuated due to heavy rainfall in east China
FUZHOU, June 14 (Xinhua) — As of 6 a.m. Friday, about 51,500 people in Nanping, Sanming and other cities in east China’s Fujian Province were affected by the latest round of heavy rainfall, with nearly 27,000 residents evacuated, according to local authorities.
During this period, more than 3,133 hectares of crops were damaged in Fujian, according to the provincial flood control authorities.
From 8 a.m. on June 9 to 6 a.m. on June 14, 386 townships in 55 county-level areas across Fujian recorded accumulative precipitation of more than 100 mm
After heavy downpours hit the province, local emergency repair staff, equipped with power-generating vehicles and electric power generators, have helped affected households in Nanping restore power supply.