Connect with us

China

တရုတ်နိုင်ငံ အရှေ့ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်း၊ လူနှစ်ဦးသေဆုံးပြီး ငါးဦးပျောက်ဆုံးနေ

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် နန်ဖိန်မြို့ ဝူရီဆန်းခရိုင် Xingun မြို့နယ် ဟုန်ရှင်းကျေးရွာတွင် ရေကြီးရေလျှံမှု စစ်ဆေးနေသော ကယ်ဆယ်ရေးသမားများကို ၂၀၂၄ ခုနှစ် ဇွန် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟဲဖေး၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ် ဟွမ်ဆန်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် ဇွန် ၂၀ ရက် မွန်းလွဲ ၂ နာရီခွဲအချိန်အထိ လူနှစ်ဦးသေဆုံးပြီး ငါးဦးပျောက်ဆုံးလျက်ရှိကြောင်း ဒေသန္တရအာဏာပိုင်အဖွဲ့များက ပြောသည်။
ဇွန် ၁၉ ရက်ညမှ ဇွန် ၂၀ ရက် နံနက်ပိုင်းအထိ ရွာသွန်းခဲ့သောမိုးကြောင့် ဒေသခံ ၂၀၀ ကျော် အရေးပေါ်ကယ်ဆယ်ရေးများ လိုအပ်လျက်ရှိသည်။
ယခုအချိန်အထိ ဒေသခံ ၂,၁၀၀ ကျော် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရာချထားပြီးဖြစ်သည်။

ရေဘေးထိန်းချုပ်ရေး အရေးပေါ်တုံ့ပြန်ဆောင်ရွက်ချက်များကို အဆင့် ၃ မှ အဆင့် ၂ သို့ တိုးမြှင့်ခဲ့သည်။
တရုတ်နိုင်ငံတွင် ရေဘေးထိန်းချုပ်ရေး အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးစနစ်တွင် အဆင့်လေးဆင့်ရှိပြီး အဆင့် ၁ သည် အဆိုးရွားဆုံးဖြစ်သည်။ (Xinhua)

……………………..
(English Version)

2 killed, 5 missing after torrential rains in E China
HEFEI, June 20 (Xinhua) — Two people have been killed and five others missing as of 2:30 p.m. Thursday after torrential rains hit Huangshan City, east China’s Anhui Province, according to local authorities.
The downpour between Wednesday night and Thursday morning also left over 200 residents in need of emergency rescue. So far, more than 2,100 residents have been relocated.
The city also upgraded its emergency response for flood control from Level III to Level II.
China has a four-tier flood-control emergency response system, with Level I being the most severe. ■
Rescuers inspect the flood in Hongxing Village of Xingcun Township in Wuyishan, Nanping City, southeast China’s Fujian Province, June 16, 2024. (Xinhua/Jiang Kehong)