Connect with us

China

တရုတ်နိုင်ငံ၏ Chang’e-6 က လကမ္ဘာတစ်ဖက်ခြမ်းမှ နမူနာပစ္စည်း ၁,၉၃၅.၃ ဂရမ် စုဆောင်းနိုင်ခဲ့

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် တရုတ်အာကာသသိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်းအောက်ရှိ တရုတ် အာကာသနည်းပညာအကယ်ဒမီ၌ ၂၀၂၄ ခုနှစ် ဇွန် ၂၆ ရက်က ပြုလုပ်သော အခမ်းအနားအတွင်း Chang'e-6 လကမ္ဘာသွားယာဉ်၏ နမူနာပစ္စည်းသယ်ယူအခန်း အပြန်ယာဉ် (returner) ကို ဖွင့်လှစ်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ Chang’e-6 မစ်ရှင်က လကမ္ဘာတစ်ဖက်ခြမ်းမှ နမူနာပစ္စည်း ၁,၉၃၅.၃ ဂရမ် စုဆောင်းနိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှုဌာနက ဇွန် ၂၈ ရက်၌ ကြေညာခဲ့သည်။
ပေကျင်းမြို့၌ အခမ်းအနားဖြင့် အဆိုပါ နမူနာပစ္စည်းများကို တရုတ်နိုင်ငံ သုတေသနအဖွဲ့ထံ လွှဲ‌ပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

သုတေသီများအနေဖြင့် လကမ္ဘာနမူနာပစ္စည်းများကို ထိန်းသိမ်းသိုလှောင်ထားမည်ဖြစ်ပြီး စီစဉ်ထားသည့် ကနဦး သိပ္ပံသုတေသနလုပ်ငန်းစဉ် ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။
Chang’e-6 အာကာသယာဉ်၏ နမူနာပစ္စည်းသိုလှောင်ခန်း အပြန်ယာဉ်သည် ကမ္ဘာ့ပထမဆုံး လကမ္ဘာတစ်ဖက်ခြမ်း နမူနာပစ္စည်းများကို စုဆောင်းသယ်ဆောင်ခဲ့ပြီး အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ဇွန် ၂၅ ရက်က ဆင်းသက်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China’s Chang’e-6 collects 1,935.3 grams of samples from moon’s far side
BEIJING, June 28 (Xinhua) — China’s Chang’e-6 mission collected 1,935.3 grams of samples from the moon’s far side, the China National Space Administration announced on Friday.
The samples were handed over to the Chinese research teams at a ceremony held in Beijing.
The researchers will carry out the storage and processing of the lunar samples as planned and initiate scientific research work.
The return capsule of the Chang’e-6 probe, carrying the world’s first samples collected from the far side of the moon, landed in the Inner Mongolia Autonomous Region on June 25.
Photo: The returner of the Chang’e-6 lunar probe is opened during a ceremony at the China Academy of Space Technology under the China Aerospace Science and Technology Corporation in Beijing, capital of China, June 26, 2024. (Xinhua/Jin Liwang)