Connect with us

China

တရုတ်နိုင်ငံ ကွမ်ကျိုးမြို့နှင့် အစ္စတန်ဘူလ်မြို့ကြား တိုက်ရိုက်ခရီးသည်တင်လေကြောင်းခရီးစဉ်ပြေးဆွဲ

ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့ရှိ ဗီယင်နာအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဆင်းသက်ရန်ပြင်ဆင်နေသော China Southern Airlines လေယာဉ်တစ်စင်းကို ၂၀၁၉ ခုနှစ် ဇွန် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွမ်ကျိုး၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် မြို့တော် ကွမ်ကျိုးနှင့် တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့နှင့် တိုက်ရိုက်လေကြောင်းခရီးစဉ်သစ်ကို ဇွန် ၂၈ ရက်က စတင်ပြေးဆွဲခဲ့ကြောင်း သိရသည်။
လေကြောင်းခရီးစဉ် CZ8065 ဖြင့် လေယာဉ်သည် ခရီးသည် ၂၅၉ ဦးအား တင်ဆောင်လျက် ကွမ်ကျိုးမြို့မှ နံနက် ၀:၃၀ နာရီခန့်က ပထမဆုံးထွက်ခွာလာခဲ့ခြင်းဖြစ်သည်။ ဘိုးရင်းလေယာဉ်ကို အသုံးပြုကာ China Southern Airlines မှ လည်ပတ်သော အဆိုပါ လေကြောင်းခရီးစဉ်အသစ်သည် အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ ကွမ်ကျိုးမှ အစ္စတန်ဘူလ်ခရီးစဉ်သည် အချိန် ၁၁ နာရီခန့်ကြာမြင့်မည်ဖြစ်သလို အပြန်ခရီးစဉ်ကမူ အချိန် ၁၀ နာရီခန့်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
Direct passenger flight links China’s Guangzhou with Istanbul
GUANGZHOU, June 29 (Xinhua) — A new direct air route linking Guangzhou, the capital of south China’s Guangdong Province, with Türkiye’s Istanbul, was launched on Friday.
The inaugural flight, CZ8065, departed Guangzhou at approximately 0:30 a.m., carrying 259 passengers. Operated by China Southern Airlines, the new air service utilizes a Boeing aircraft, with flights scheduled three times a week, on Mondays, Wednesdays and Fridays. The journey from Guangzhou to Istanbul takes about 11 hours, and the return trip about 10 hours.
Photo: The first flight of China Southern Airlines’ Guangzhou-Urumqi-Vienna route prepares to land at Vienna International Airport, Vienna, Austria, on June 18, 2019. (Xinhua/Guo Chen)