Connect with us

China

တရုတ်နိုင်ငံ၏ Chang’e-6 ယာဉ်က နမူနာပစ္စည်းများကို returner ထံ လွှဲပြောင်းရန် လကမ္ဘာဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ချိတ်ဆက်မှုပြီးစီး

တရုတ်နိုင်ငံ၏ Chang'e-6 အာကာသယာဉ်၏ နမူနာပစ္စည်းများနှင့်ပျံတက်ယာဉ် (ascender) က လကမ္ဘာဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ဂြိုဟ်ပတ်လမ်းကြောင်းသွားယာဉ်- နမူနာပစ္စည်းများပြန်လည်သယ်ယူခန်း ပေါင်းစပ်ယာဉ်နှင့် ဆုံတွေ့ကာ ချိတ်ဆက်နေသည့် ဗီဒီယိုအန်နီမေးရှင်းရုပ်ပုံကို ပေကျင်း အာကာသထိန်းချုပ်ရေးစင်တာ (BACC) က ၂၀၂၄ ခုနှစ် ဇွန် ၆ ရက်က ထုတ်ပြန်စဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ Chang’e-6 အာကာသယာဉ်၏ နမူနာပစ္စည်းများနှင့်ပျံတက်ယာဉ် (ascender) က ဂြိုဟ်ပတ်လမ်းကြောင်းသွားယာဉ် (orbiter) – နမူနာပစ္စည်းများပြန်လည်သယ်ယူခန်း (returner) ပေါင်းစပ်ယာဉ်နှင့် ဇွန် ၆ ရက် ပေကျင်းစံတော်ချိန် နေ့လယ် ၂:၄၈ နာရီတွင် အောင်မြင်စွာဆုံတွေ့ကာ ချိတ်ဆက်နိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ အမျိုးသားအာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က ကြေညာခဲ့သည်။
လကမ္ဘာ တစ်ဖက်စွန်းမှ ကမ္ဘာ့ပထမဆုံးနမူနာများကို တင်ဆောင်ထားသည့် ကွန်တိန်နာကို ascender မှ returner ထံ နေ့လယ် ၃:၂၄ နာရီက ဘေးကင်းစွာ ပြောင်းရွှေ့နိုင်ခဲ့ကြောင်း CNSA က ဆိုသည်။
Ascender သည် ဇွန် ၄ ရက် နံနက်ပိုင်းက လကမ္ဘာတစ်ဖက်စွန်းမှ ပျံတက်လာခဲ့ရာ လကမ္ဘာဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ဝင်ရောက်သွားခဲ့ပြီး ဂြိုဟ်ပတ်လမ်းကြောင်းချိန်ညှိမှု လေးခုပြုလုပ်ခဲ့သည်။ Ascender က orbiter-returner ပေါင်းစပ်ယာဉ်အရှေ့ ၅၀ ကီလိုမီတာခန့်နှင့် ယာဉ်အပေါ် ၁၀ ကီလိုမီတာခန့်သို့ ရောက်ရှိချိန်တွင် ‌ပေါင်းစပ်ယာဉ်သည် အလိုအလျောက်ထိန်းချုပ်စနစ်မှတစ်ဆင့် ascender ထံ ချဉ်းကပ်လာကာ စက်လက်များဖြင့် ဆွဲယူခဲ့ကြောင်း သိရသည်။
ယင်းမှာ တရုတ်အာကာသယာဉ်က လကမ္ဘာဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ဆုံတွေ့ခြင်းနှင့် ချိတ်ဆက်ခြင်းလုပ်ငန်း ဒုတိယအကြိမ် ဆောင်ရွက်ခြင်းဖြစ်သည်။ ထိုလုပ်ငန်းစဉ်ကို Chang’e-5 အာကာသယာဉ်က ၂၀၂၀ ပြည့်နှစ်တွင် ပထမဆုံးအကြိမ် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ၏ Chang’e-6 အာကာသယာဉ်၏ နမူနာပစ္စည်းများနှင့်ပျံတက်ယာဉ် (ascender) က လကမ္ဘာဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ဂြိုဟ်ပတ်လမ်းကြောင်းသွားယာဉ်- နမူနာပစ္စည်းများပြန်လည်သယ်ယူခန်း ပေါင်းစပ်ယာဉ်နှင့် ဆုံတွေ့ကာ ချိတ်ဆက်နေသည့် ဗီဒီယိုအန်နီမေးရှင်းရုပ်ပုံကို ပေကျင်း အာကာသထိန်းချုပ်ရေးစင်တာ (BACC) က ၂၀၂၄ ခုနှစ် ဇွန် ၆ ရက်က ထုတ်ပြန်စဉ် (ဆင်ဟွာ)

……………………………………..
(English Version)
China’s Chang’e-6 completes docking in lunar orbit with samples transferred to returner
BEIJING, June 6 (Xinhua) — The ascender of China’s Chang’e-6 probe successfully rendezvoused and docked with the probe’s orbiter-returner combination in lunar orbit at 2:48 p.m. (Beijing Time) on Thursday, the China National Space Administration (CNSA) announced.
The container carrying the world’s first samples from the far side of the moon had been transferred from the ascender to the returner safely by 3:24 p.m., the CNSA said.
After the ascender took off from the far side of the moon on Tuesday morning and entered lunar orbit, it made four orbital adjustments. When the ascender was about 50 km in front of and 10 km above the orbiter-returner combination, the combination gradually approached the ascender through short-range autonomous control and captured it with holding claws.
This is the second time that Chinese spacecraft carried out rendezvous and docking in lunar orbit, with Chang’e-5 realizing the first one in 2020.
Photo: This video animation image displayed at Beijing Aerospace Control Center (BACC) on June 6, 2024 shows the ascender of China’s Chang’e-6 probe rendezvousing and docking with the probe’s orbiter-returner combination in lunar orbit. (Xinhua/Jin Liwang)