Connect with us

China

တရုတ်နိုင်ငံ၏ ပထမဆုံးပြည်တွင်းထုတ် ပင်လယ်ကူးသင်္ဘောကြီးက ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၁၅၀,၀၀၀ ကျော် ပို့ဆောင်ပေး

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ ရှန်ဟိုင်း ဝူဆုန်းခို နိုင်ငံတကာပင်လယ်ကူးသင်္ဘောဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော Adora Magic City ပင်လယ်ကူးသင်္ဘောကို ၂၀၂၄ ခုနှစ် မေ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဇွန် ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်း၌ တည်ဆောက်ထားသော ပင်လယ်ကူးသင်္ဘောကြီး Adora Magic City သည် ဇွန် ၇ ရက်အထိ ခရီးစဉ် ၃၇ ခု သွားရောက်ခဲ့ပြီး ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၁၅၀,၀၀၀ ကျော်ကို ပို့ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်္ဘောကြီး၏ ပွဲဦးထွက်ခရီးစဉ်ကို ယခုနှစ်ဆန်းပိုင်းတွင် စတင်ခဲ့ရာ ခရီးသွားဧည့်သည်များကြား ရေပန်းစားလာခဲ့သည်။ အလျား ၃၂၃.၆ မီတာရှိ၍ အသားတင်အလေးချိန် ၁၃၅,၀၀၀ တန် ရှိသော ထိုသင်္ဘောကြီးသည် ဧည့်သည်အခန်း ၂,၁၂၅ ခန်းရှိကာ ခရီးသည် ၅,၂၄၆ ဦးအထိ တင်ဆောင်နိုင်ကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
China’s 1st homegrown large cruise ship receives over 150,000 tourists
SHANGHAI, June 7 (Xinhua) — China’s first domestically built large cruise ship, Adora Magic City, has completed 37 journeys and welcomed over 150,000 tourists as of Friday, according to its operators.
The ship embarked on its maiden voyage at the beginning of the year and gained popularity among tourists. The cruise ship, 323.6 meters in length, has a gross weight of 135,500 tonnes, and can accommodate up to 5,246 passengers in 2,125 guest rooms.
Photo: This photo taken on May 26, 2024 shows the cruise ship Adora Magic City docking at the Shanghai Wusongkou International Cruise Terminal in east China’s Shanghai. (Xinhua/Wang Xiang)