Connect with us

China

တရုတ်နိုင်ငံ ပြည်တွင်းထုတ် ARJ21 ခရီးသည်တင်လေယာဉ်က ပထမဆုံး အလယ်အာရှခရီးစဉ်လမ်းကြောင်း ပြေးဆွဲ

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့ရှိ ထျန်းကျင်းပင်းဟိုင် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဆင်းသက်ရန်ပြင်ဆင်နေသော ARJ21 ခရီးသည်တင်လေယာဉ်ကို ၂၀၂၂ ခုနှစ် ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဇွန် ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပြည်တွင်းထုတ် ARJ21 ခရီးသည်တင်လေယာဉ်ကြီး၏ ပထမဆုံး အလယ်အာရှခရီးစဉ်လမ်းကြောင်းကို ဇွန် ၇ ရက်တွင် စတင်ပြေးဆွဲခဲ့ကြောင်း တရုတ်နိုင်ငံ စီးပွားရေးလေယာဉ်ကော်ပိုရေးရှင်း လီမိတက် (COMAC) ထံမှ သိရသည်။ အဆိုပါ လေယာဉ်ကို ချိန်တူးလေကြောင်းလိုင်းမှ လည်ပတ်ပြေးဆွဲခြင်းဖြစ်သည်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခါးစန်းဒေသခွဲမှ ဇွန် ၇ ရက် နံနက် ၁၀:၃၈ နာရီတွင် ပျံသန်းသွားခဲ့ရာ အချိန်နှစ်နာရီကျော်ကြာပြီးနောက် တာဂျစ်ကစ္စတန်နိုင်ငံ Khujand မြို့သို့ ရောက်ရှိသွားခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Homegrown Chinese ARJ21 jetliner launches first air route to Central Asia
SHANGHAI, June 7 (Xinhua) — China’s homegrown regional jetliner, the ARJ21, launched its first air route to Central Asia on Friday, according to Commercial Aircraft Corporation of China, Ltd. (COMAC), its developer. The aircraft was operated by Chengdu Airlines. It took off from Kashgar Prefecture in northwest China’s Xinjiang Uygur Autonomous Region at 10:38 a.m. on Friday and arrived in Khujand in Tajikistan more than two hours later, COMAC said.
Photo: An ARJ21 passenger aircraft prepares to land at the Tianjin Binhai International Airport in north China’s Tianjin, July 29, 2022. (Photo by Ma Cheng/Xinhua)