Connect with us

China

တရုတ်နှင့် ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ ဒုတိယအကြိမ် ဆွေးနွေးမှုယန္တရားအစည်းအဝေး ကျင်းပ

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa တို့ တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ၂၀၂၄ ခုနှစ် ဇူလိုင် ၉ ရက်က ဒုတိယအကြိမ် တရုတ်နှင့် ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးမှုယန္တရားအစည်းအဝေးကို ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa တို့သည် ပေကျင်းမြို့တွင် ဇူလိုင် ၉ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဒုတိယအကြိမ် တရုတ်နှင့် ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးမှုယန္တရားအစည်းအဝေးကို ပူးတွဲသဘာပတိအဖြစ် ကြီးမှူးဆောင်ရွက်ခဲ့ကြသည်။
တရုတ်-ထိုင်း အေးအတူ ပူအမျှအသိုက်အဝန်း တည်ဆောက်မှုမှာ အောင်မြင်မှုရလဒ်များဖြင့် အခိုင်အမာ အဆင့်မြှင့်တင်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံအား ယုံကြည်စိတ်ချရသောမိတ်ဖက်၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် တွန်းအားအဖြစ် မှတ်ယူကြောင်း ဝမ်က ပြောကြားခဲ့သည်။ ထို့ပြင် လာမည့်နှစ်သည် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံကြား သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၅၀ ပြည့်မြောက်သည့် အခါသမယလည်းဖြစ်ကြောင်း၊ နယ်ပယ်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းမှုရှိစေရေး နှစ်ဦးနှစ်ဖက် ဆောင်ရွက်ကြရန် ဝမ်က ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)


……………………………………..
(English Version)
Chinese, Thai FMs hold 2nd consultation mechanism meeting
BEIJING, July 9 (Xinhua) — Chinese Foreign Minister Wang Yi on Tuesday held talks with his Thai counterpart Maris Sangiampongsa in Beijing, and co-chaired the second meeting of the Consultation Mechanism between the Ministers of Foreign Affairs of China and Thailand.
Noting that the construction of the China-Thailand community with a shared future has been solidly advanced with fruitful results, Wang said China regards Thailand as a trustworthy partner and a force for peace and stability in the region. Wang said that next year will mark the 50th anniversary of the establishment of diplomatic ties between China and Thailand, calling on both sides to deepen all-round strategic cooperation.
Photo 1, 2: Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, holds talks and co-chairs the second meeting of the Consultation Mechanism between the Ministers of Foreign Affairs of China and Thailand with his Thai counterpart Maris Sangiampongsa, in Beijing, capital of China, July 9, 2024. (Xinhua/Yue Yuewei)