Connect with us

China

တရုတ်နိုင်ငံ၏ ပင်လယ်ပြင်ရေနက်ပိုင်း အကြမ်းခံဓာတ်သတ္တုတူးဖော်ရေးယာဉ်က ပင်လယ်ပြင်စမ်းသပ်မှုတွင် ရေအောက်အနက်ရောက်ရှိမှု စံချိန်တင်

ပင်လယ်ရေနက်သွား အကြမ်းခံဓာတ်သတ္တုတူးဖော်ရေးယာဉ် "Pioneer II" က ပင်လယ်ပြင် စမ်းသပ်မှုပြုလုပ်နေသည်ကို ၂၀၂၄ ခုနှစ် ဇွန် ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Shanghai Jiao Tong University/Handout via Xinhua)

ရှန်ဟိုင်း၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ပင်လယ်ရေနက်သွား အကြမ်းခံဓာတ်သတ္တုတူးဖော်ရေးယာဉ်က ရေအောက်အနက် မီတာ ၄,၀၀၀ ကျော်အထိ ပင်လယ်ပြင်စမ်းသပ်မှု ပြီးစီးခဲ့ကြောင်း၊ ယင်းမှာ တရုတ်နိုင်ငံ၏ ပင်လယ်ပြင်ရေနက်ပိုင်း ဓာတ်သတ္တု အရင်းအမြစ်တူးဖော်မှု နည်းပညာတွင် သိသာထင်ရှားသော အောင်မြင်မှုတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ စမ်းသပ်မှုကို Shanghai Jiao Tong တက္ကသိုလ်မှ ထုတ်လုပ်ထားသော ပင်လယ်ရေနက်သွား အကြမ်းခံဓာတ်သတ္တုတူးဖော်ရေးယာဉ် “Pioneer II” က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ရှန်ဟိုင်းမြို့အစိုးရက ဇူလိုင် ၉ ရက်၌ ပြောကြားခဲ့သည်။ “Pioneer II” သည် ‌ရေအောက်အနက် ၄,၁၀၂.၈ မီတာအထိ ရေငုပ်စံချိန်တင်မှု အပါအဝင် ရေငုပ်ခြင်းနှင့် ပင်လယ်ကြမ်းပြင် သတ္တုတူးဖော်ခြင်း ၅ ကြိမ်ပြုလုပ်ခဲ့သည်။ ယင်းမှာ ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံ အကြမ်းခံဓာတ်သတ္တုတူးဖော်ရေးယာဉ်က ပင်လယ်ရေအောက်အနက် မီတာ ၄,၀၀၀ ကျော်တွင် စမ်းသပ်မှုများ လုပ်ဆောင်ခဲ့ခြင်းလည်း ဖြစ်ကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/U4R

 


……………………………………..
(English Version)
China’s deep-sea heavy-duty mining vehicle reaches record depth in sea trial
SHANGHAI, July 9 (Xinhua) — China’s deep-sea heavy-duty mining vehicle has completed a sea trial at a depth exceeding 4,000 meters, marking a significant breakthrough in the country’s deep-sea mineral resource development technology.
The trial was conducted by the “Pioneer II,” an engineering prototype independently developed by Shanghai Jiao Tong University, the Shanghai municipal government said on Tuesday. The “Pioneer II” completed five diving and seabed mining operations, including a record-breaking dive to 4,102.8 meters. This marked the first time a Chinese deep-sea heavy-duty mining vehicle has conducted trial operations at depths exceeding 4,000 meters.
Photo: An aerial drone photo taken on June 22, 2024 shows the deep-sea heavy-duty mining vehicle “Pioneer II” undergoing a sea trial. (Shanghai Jiao Tong University/Handout via Xinhua)