Connect with us

China

နေတိုးအဖွဲ့၏ ဝါရှင်တန်ထိပ်သီးအစည်းအဝေးကြေညာချက်ကို တရုတ်နိုင်ငံ အပြင်းအထန်ကန့်ကွက်

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ နေတိုးအဖွဲ့ရုံးချုပ်ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

မြောက်အတ္တလန္တိတ်သဘောတူစာချုပ်အဖွဲ့ (NATO) ၏ ဝါရှင်တန်ထိပ်သီးအစည်းအဝေး ကြေညာချက်က အာရှ-ပစိဖိတ်ဒေသ တင်းမာမှုများ မြင့်တက်စေသလို စစ်အေးခေတ်သဘောထား ရန်လိုမှုရှိသော မှတ်ချက်များဖြင့် ပြည့်နှက်နေသည့်အတွက် တရုတ်နိုင်ငံက အပြင်းအထန်ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၁၁ ရက်၌ ပြောကြားခဲ့သည်။
အဆိုပါ ကြေညာချက်တွင် တရုတ်နိုင်ငံနှင့် ဆက်စပ်သောအကြောင်းအရာမှာ ဘက်လိုက်မှု၊ သွားပုပ်လေလွင့် စွပ်စွဲပြောဆိုမှုနှင့် ရန်စမှုများဖြင့် ပြည့်နှက်နေကြောင်း ပြောရေးဆိုခွင့်ရှိသူ Lin Jian က ဆိုသည်။ (Xinhua)

……………………………………..
(English Version)
China strongly opposes NATO’s Washington summit declaration: spokesperson
BEIJING, July 11 (Xinhua) — China deplores and strongly opposes the Washington summit declaration of the North Atlantic Treaty Organization (NATO), which hypes up tensions in the Asia-Pacific region and is full of bellicose remarks with a Cold War mentality, a Chinese foreign ministry spokesperson said Thursday.
Its content related to China is filled with bias, smearing and provocations, said spokesperson Lin Jian.
Photo: Photo taken on Feb. 12, 2020 shows the NATO headquarters in Brussels, Belgium. (Xinhua/Zhang Cheng)