Connect with us

Business

မြန်မာနိုင်ငံသို့ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း ပြည်ပခရီးသွားဧည့်သည် ၆၀၀,၀၀၀ ကျော် ဝင်ရောက်

မြန်မာနိုင်ငံ ရှေးဟောင်းပုဂံမြို့ရှိ ဓမ္မရံကြီးဘုရားကို ၂၀၂၃ ခုနှစ် မေ ၄ ရက်က မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသို့ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း နိုင်ငံတကာခရီးသွားဧည့်သည် ၆၀၀,၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ ဇူလိုင် ၁၁ ရက် သတင်းဖော်ပြချက်အရ သိရသည်။
ယခုနှစ် ပထမနှစ်ဝက်အတွင်း အဓိကဝင်ရောက်သည့် ခရီးသွားဧည့်သည်များမှာ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံမှ ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်၏ ပြောကြားချက်အား ကိုးကား၍ သတင်း၌ ဖော်ပြထားသည်။

အ‌ရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဖက်အဖွဲ့အစည်းများသည် ကိုဗစ်အလွန် ခရီးသွားလုပ်ငန်း ပြန်လည်နာလန်ထူမှုနှင့် အာဆီယံဒေသတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးရန် သိသာထင်ရှားသော ကြိုးပမ်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်က မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဧည့်သည် ၁.၂၈ သန်း ဝင်ရောက်ခဲ့ပြီး အများစုမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား စသည့်နိုင်ငံများမှ ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Myanmar welcomes 600,000 int’l tourists in H1 2024
YANGON, July 11 (Xinhua) — Myanmar received 600,000 international tourists during the first half of 2024, the official daily The Mirror reported on Thursday.
The report, citing Union Minister for Hotels and Tourism Thet Thet Khine, said the majority of tourists in the first half of 2024 came from China and Thailand.
The Union Minister also said Association of Southeast Asian Nations (ASEAN) and partner organizations have made significant efforts to support the recovery of post-COVID tourism and the development of tourism in the ASEAN region, the report said.
In 2023, Myanmar welcomed a total of 1.28 million international tourists, and the majority of these visitors came from ASEAN member countries, China, Japan, and South Korea, the report said.
Photo: People visit the Dhamayangyi Temple in the ancient city of Bagan, Myanmar, May 4, 2023. (Photo by Myo Kyaw Soe/Xinhua)