Connect with us

China

တရုတ်နှင့် ရုရှားရေတပ်စစ်သင်္ဘောများ ပစိဖိတ်သမုဒ္ဒရာ၌ ပူးတွဲကင်းလှည့်

ပေကျင်း၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)
တရုတ်နှင့် ရုရှားရေတပ်အုပ်စုများသည် မကြာသေးမီရက်များအတွင်းက ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းနှင့် မြောက်ပိုင်းတို့၌ ပူးတွဲကင်းလှည့်မှုများ ပြုလုပ်ခဲ့ကြောင်း တရုတ်ပြည်တွင်းမီဒီယာများက ဇူလိုင် ၁၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ပူးတွဲကင်းလှည့်မှုသည် တရုတ်နှင့် ရုရှားရေတပ်များ၏ ပစိဖိတ်သမုဒ္ဒရာဒေသ၌ ပြုလုပ်ခဲ့သော စတုတ္ထမြောက် ပူးတွဲရေကြောင်းလင်းလှည့်မှုဖြစ်သည်။
ပစိဖိတ်ဒေသ ပူးတွဲရေကြောင်းကင်းလှည့်မှုများသည် ပုံမှန်လုပ်ငန်းစဉ်တစ်ခုသာဖြစ်ပြီး မည်သည့်နိုင်ငံကိုမျှ ရည်ရွယ်ခြင်းမရှိကြောင်း တရုတ်အစိုးရ မီဒီယာများက သတင်းထုတ်ပြန်ထားသည်။
စတုတ္ထမြောက် ပစိဖိတ်သမုဒ္ဒရာပူးတွဲကင်းလှည့်မှုတွင် ရုရှားနှင့် တရုတ် ရေတပ်စစ်သင်္ဘောများသည် ရေငုပ်သင်္ဘောချေမှုန်းရေးလေ့ကျင့်မှုများ၊ လေကြောင်းရန် ကာကွယ်ရေး လေ့ကျင့်မှုများလည်း ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ပူးတွဲရေကြောင်းကင်းလှည့်မှုများ ပြုလုပ်ခဲ့သည့်အချိန်နှင့် မည်မျှကြာအောင်ပြုလုပ်ခဲ့သည်ကို တရုတ်မီဒီယာများက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ခြင်းမရှိကြောင်းသိရသည်။
ပြီးခဲ့သည့်နှစ်များအတွင်း တရုတ်နှင့် ရုရှားနိုင်ငံတို့သည် ပစိဖိတ်သမုဒ္ဒရာဒေသ၌ စစ်ရေးအရပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်လာခဲ့ကြောင်း သိရသည်။ (Xinhua)
………………………..
(English Version)
China-Russia joint naval exercise kicks off
GUANGZHOU, July 14 (Xinhua) — Chinese and Russian navies on Sunday kicked off a joint exercise coded “Exercise Joint Sea-2024” at a military port in Zhanjiang in south China’s Guangdong Province.
At the opening ceremony, the director general of the exercise from the Chinese navy said that the mechanism for joint naval exercises and training between the two navies, as well as their capability to conduct joint maritime military operations, has continued to improve.
According to the director general from the Russian side, holding such joint maritime military exercises can enhance the collaboration and professional levels of the two navies and contribute to maintaining maritime and regional security.
Following the ceremony, the naval forces carried out on-map military simulation and tactical coordination exercises.
The exercise is divided into three stages, including the concentration of forces, planning at the harbor, and maritime drills.