Connect with us

China

၂၀ ကြိမ်မြောက် CPC ဗဟိုကော်မတီ တတိယအကြိမ် မျက်နှာစုံညီအစည်းအဝေး ကျင်းပ

ပေကျင်း၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)
၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ တတိယအကြိမ် မျက်နှာစုံညီအစည်းအဝေးကို ပေကျင်းမြို့တွင် ဇူလိုင် ၁၅ ရက် နံနက်ပိုင်း၌ စတင်ကျင်းပခဲ့ကြသည်။

CPC ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုကိုယ်စား လုပ်ငန်းအစီရင်ခံစာကို ဖတ်ကြားခဲ့ပြီး တစ်ဆင့်တိုး၍ ဘက်စုံ နက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေးနှင့် တရုတ်နိုင်ငံ ခေတ်မီအသွင်ပြောင်းခြင်း အဆင့်မြှင့်တင်ရေးအတွက် CPC ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက် ဆွေးနွေးမှု မူကြမ်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
20th CPC Central Committee starts third plenary session
BEIJING, July 15 (Xinhua) — The 20th Central Committee of the Communist Party of China (CPC) started its third plenary session in Beijing on Monday morning.
Xi Jinping, general secretary of the CPC Central Committee, delivered a work report on behalf of the Political Bureau of the CPC Central Committee and expounded on a draft decision of the CPC Central Committee on further comprehensively deepening reform and advancing Chinese modernization.