Connect with us

China

တရုတ်မော်တော်ကားထုတ်လုပ်သူ FAW က အစီးရေ ၉ သန်းမြောက် Jiefang ထရပ်ကား ထွက်ရှိလာ

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် ချန်ချွမ်းမြို့တွင် FAW Jiefang ထရပ်ကား တပ်ဆင်ရေးလုပ်ငန်းစက်ရုံတွင် စီတန်းထားသော မော်တော်ယာဉ်များကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချန်ချွမ်း၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဦးဆောင်မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းဖြစ်သော FAW Group ၏ ထရပ်ကား လုပ်ငန်းခွဲတစ်ခုဖြစ်သည့် FAW Jiefang သည် အစီးရေ ၉ သန်းမြောက် ထရပ်ကားကို ဇူလိုင် ၁၆ ရက်တွင် ထုတ်လုပ်လိုက်ပြီဖြစ်ရာ ယင်းလုပ်ငန်းမှ စုစုပေါင်း မော်တော်ကားထုတ်လုပ်မှု အစီးရေ သန်း ၆၀ အထိ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
FAW Jiefang သည် ယခုနှစ် ပထမနှစ်ဝက်တွင် ထရပ်ကား အစီးရေ ၁၄၃,၃၀၀ ထုတ်လုပ်ခဲ့ရာ ယခင်နှစ် အလားတူကာလကထက် ၄.၁၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။
အဓိကနည်းပညာများ အားကောင်းအောင်ဆောင်ရွက်မည်ဟု ကတိပြုထားသော FAW Jiefang အနေဖြင့် တီထွင်ဆန်းသစ်မှုများနှင့် ဝန်ဆောင်မှုများကို ဆက်လက် မြှင့်တင်မည်ဟု ယင်းကုမ္ပဏီ ဥက္ကဋ္ဌ Qiu Xiandong က ပြောခဲ့သည်။
၁၉၅၃ ခုနှစ်တွင် စတင်တည်ထာင်ခဲ့ပြီး တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ်တွင် ရုံးချုပ်ထားရှိသော နိုင်ငံပိုင်လုပ်ငန်းဖြစ်သည့် FAW Group ကို တရုတ်မော်တော်ယာဉ်ထုတ်လုပ်မှုလုပ်ငန်း၏ ခိုင်မာသောကျောက်ဆောင်အဖြစ် လူသိများသည်။ ပထမဆုံး Jiefang ထရပ်ကားကို ၁၉၅၆ ခုနှစ်တွင် ထုတ်လုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Chinese automaker FAW sees 9 millionth Jiefang truck roll off line
CHANGCHUN, July 16 (Xinhua) — FAW Jiefang, a truck subsidiary of China’s leading automaker FAW Group, saw its 9 millionth vehicle roll off the production line on Tuesday, bringing the group’s total vehicle output to 60 million.
FAW Jiefang produced 143,300 trucks in the first half of this year, up 4.11 percent year on year.
Committed to strengthening its core technologies, FAW Jiefang will continue to improve innovation and its services, said Qiu Xiandong, chairman of the company.
Founded in 1953 and headquartered in northeast China’s Jilin Province, the state-owned FAW Group is known as the bedrock of China’s auto industry. The first Jiefang truck rolled off assembly line in 1956.
Photo: Vehicles to be assembled are seen at the assembly line of FAW Jiefang Truck in Changchun, northeast China’s Jilin Province, Feb. 2, 2021. (Xinhua/Zhang Nan)