Connect with us

Africa & Middle East

အစ္စရေးက ဆီးရီးယားအပေါ် တိုက်ခိုက်နေပါက ဆိုးရွားသည့် အကျိုးဆက်များ ဖြစ်လာမည်ဟု ဆီးရီးယားပြောကြား

ဆီးရီးယားနိုင်ငံ ဒမတ်စကပ်စ်မြို့တွင် အစ္စရေးကဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် မီးခိုးများထွက်ပေါ်လာသည်ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒမတ်စကပ်စ်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

အစ္စရေးက ဆီးရီးယားနိုင်ငံအပေါ် တိုက်ခိုက်မှုများ ဆက်လက်ဆောင်ရွက်နေမည်ဆိုပါက ဆိုးရွားသည့်အကျိုးဆက်များကို ရင်ဆိုင်ရလိမ့်မည်ဟု ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း သိရသည်။
ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကပ်စ်နှင့် စစ်ဘက်ဆိုင်ရာ ပစ်မှတ်များအား အစ္စရေး၏ တိုက်ခိုက်မှုများအပြီးတွင် ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ပြုပြောကြားခဲ့ ခြင်းဖြစ်သည်။

ဆီးရီးယားနိုင်ငံသည် နိုင်ငံတကာ ဥပဒေပါပြဋ္ဌာန်းချက်များအရ မိမိနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ကာကွယ်စောင့်ရှောက်ခွင့်ရှိသည်ဟု ယင်းဝန်ကြီးဌာနက ထပ်လောင်း ပြောကြားသည်။
ဆီးရီးယားနိုင်ငံအပေါ် အစ္စရေး၏ တိုက်ခိုက်မှုများကို နိုင်ငံတကာမှ နှုတ်ဆိတ်နေမည်ဆိုပါက နိုင်ငံတကာဥပဒေကိုချိုးဖောက်ရာရောက်ကြောင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးပြောကြားသည်။
အစ္စရေး၏ တိုက်ခိုက်မှုများအတွင်း ဆီးရီးယား တပ်မတော်သားတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆီးရီးယားကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားသည်။

ယင်းတိုက်ခိုက်မှုများကို ဂိုလန်ကုန်းမြင့်ဒေသမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဆီးရီးယားနိုင်ငံတောင်ပိုင်းရှိ စစ်ဘက်ဆိုင်ရာပစ်မှတ်များနှင့် မြို့တော် ဒမတ်စကပ်စ် Kafr Sousa ဒေသရှိ လူနေအိမ် များကိုထိမှန်ခဲ့ကြောင်း ဆီးရီးယားတပ်မတော်က ပြောကြားသည်။ (Xinhua)
…………………………
(English Version)
Syria warns of consequences following Israeli missile attacks on Damascus
DAMASCUS, July 14 (Xinhua) — The Syrian Ministry of Foreign Affairs and Expatriates cautioned on Sunday that Israeli attacks on Syrian soil could lead to uncontrollable consequences and serious repercussions.
In a statement released hours after Israeli missile attacks on a residential neighborhood in the Syrian capital of Damascus and military sites, the ministry reaffirmed Syria’s legitimate right to defend its sovereignty and liberate its occupied land through all legitimate means guaranteed by international law.
The ministry warned against the escalation of Israeli attacks on Syrian soil, adding that persistent international silence regarding such attacks would undermine the ability of the international system to confront violations of its charter and international laws.
The Defense Ministry said a military personnel was killed, and three others were injured during the attacks.
The ministry added that the attacks were launched from the direction of the occupied Syrian Golan and aimed at several military sites in the southern region and a residential building in the Kafr Sousa area of Damascus.
Smoke rises following an Israeli missile attack in Damascus, Syria, July 14, 2024. (Photo by Ammar Safarjalani/Xinhua)