Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံ၌ တရုတ်လျှပ်စစ်ကားကုမ္ပဏီ BYD ကားထုတ်လုပ်ရေးစက်ရုံ တည်ဆောက်မည့် အစီအစဉ်အား ကမ္ဘောဒီးယားဝန်ကြီးချုပ် ကြိုဆို

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ ဖနွမ်းပင်- Sihanoukville (PPSHV) အဝေးပြေးလမ်းမပေါ်ရှိ လမ်းဖြတ်သန်းရေးစခန်းတွင် တန်းစီနေသော မော်တော်ယာဉ်များကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံ၌ တရုတ်နိုင်ငံမှ လျှပ်စစ်ကားကုမ္ပဏီ BYD က ကားထုတ်လုပ်ရေးစက်ရုံ တည်ဆောက်မည့် အစီအစဉ်ကို ကြိုဆိုကြောင်း ဝန်ကြီးချုပ်ဟွန်မန်နက်က ဇူလိုင် ၁၆ ရက်တွင် ပြောကြားခဲ့သည်ဟု သိရသည်။
လျှပ်စစ်ကားကုမ္ပဏီ BYD ၏ အာရှ-ပစိဖိတ်ဒေသ အရောင်းဌာန အထွေထွေမန်နေဂျာ Liu Xueliang နှင့် ဖနွမ်းပင်မြို့၌တွေ့ဆုံစဉ် ဝန်ကြီးချုပ်ဟွန်မန်နက်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာဈေးကွက်တွင် ရောင်းချရန် တစ်နှစ်လျှင် လျှပ်စစ်ကား ၂၀,၀၀၀ ထုတ်လုပ်နိုင်သည့် လျှပ်စစ်ကား ထုတ်လုပ်ရေးစက်ရုံကို ကမ္ဘောဒီးယားနိုင်ငံတွင် တည်ဆောက်ရန် BYD က အစီအစဉ်ချမှတ်ဆောင်ရွက်ခဲ့ကြောင်း တွေ့ ဆုံပွဲအပြီးထုတ်ပြန်သည့် သတင်းကြေညာချက်တွင် ဖော်ပြသည်။
ပြီးခဲ့သည့်သီတင်းပတ်အတွင်း ကမ္ဘောဒီးယားအစိုးရသည် ၂၀၂၄ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းရှိသည့် အမျိုးသားလျှပ်စစ်ကားဖွံ့ဖြိုးတိုးတက်ရေး မူဝါဒကို ချမှတ်ခဲ့သည်။ ယင်းမူဝါဒအရ ၂၀၃၀ ပြည့်နှစ်အရောက်တွင် နိုင်ငံအတွင်း လျှပ်စစ်ကား အစီးရေ ၃၀,ဝ၀၀၊ လျှပ်စစ်ဆိုင်ကယ် အစီးရေ ၇၂၀,၀၀၀ နှင့် လျှပ်စစ်သုံးဘီးယာဉ်၂၀,၀၀၀ စီးအထိသုံးစွဲရေး ရည်မှန်းချက်ထားရှိဆောင်ရွက်နေသည်။ လက်ရှိအချိန်တွင်နိုင်ငံအတွင်း၌ မှတ်ပုံတင်ထားသည့် လျှပ်စစ်ကား ၁,၆၁၄ စီး၊ လျှပ်စစ်ဆိုင်ကယ် ၉၁၄ စီးနှင့် လျှပ်စစ်သုံးဘီးယာဉ် ၄၄၀ ရှိကြောင်း ပြည်သူ့ဆောက်လုပ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောကြားသည်။ (Xinhua)
…………………………
(English Version)
Cambodian PM welcomes Chinese EV giant BYD’s plan to open automotive assembly plant in kingdom
PHNOM PENH, July 15 (Xinhua) — Cambodian Prime Minister Hun Manet on Monday welcomed a giant Chinese electric car manufacturer BYD’s plan to set up an automotive assembly plant in the Southeast Asian country.
“BYD has planned to build an electric vehicle assembly plant in Cambodia, with the capacity of assembling 20,000 units per year for supplying domestic and international markets,” the news release said.
Last week, the government unveiled the National Policy on Electric Vehicle (EV) Development 2024-2030, which aims to increase the number of EVs or electric cars to 30,000, the number of electric scooters to 720,000 and the number of three-wheeler electric vehicles to 20,000 by 2030.
Currently, Cambodia has registered a total of 1,614 electric cars, 914 electric scooters and 440 three-wheeler electric vehicles, said the Ministry of Public Works and Transport.
Photo taken on Nov. 7, 2022 shows vehicles lining up at a toll station on the Phnom Penh-Sihanoukville (PPSHV) Expressway in Phnom Penh, Cambodia. (Xinhua/Wu Changwei)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.