Connect with us

China

တရုတ်-ရုရှား ပင်လယ်ပြင်ပူးတွဲလေ့ကျင့်မှု ပြီးစီး

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် Zhanjiang မြို့အနီး ရေပြင်တွင် ရေယာဉ်များခွဲထွက်ခြင်းအခမ်းအနားတက်ရောက်နေသာ ရေယာဉ်များကို ၂၀၂၄ ခုနှစ် ဇူလိုင် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွမ်ကျိုး၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း Zhanjiang မြို့အနီး ရေပြင်တွင် ရေယာဉ်များခွဲထွက်ခြင်းအခမ်းအနား ပြုလုပ်ခြင်းဖြင့် တရုတ်-ရုရှား “၂၀၂၄ ခုနှစ် – ပင်လယ်ပြင်ပူးတွဲလေ့ကျင့်မှု” ကို ဇူလိုင် ၁၇ ရက်၌ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
“ပင်လယ်ပြင်ခြိမ်းခြောက်မှုကို ပူးတွဲတုံ့ပြန်ခြင်း” ဟူသော ရည်ရွယ်ချက်ဖြင့် အဆိုပါပူးတွဲလေ့ကျင့်မှုတွင် နှစ်နိုင်ငံမှ ရေယာဉ် ၇ စင်း ပါဝင်ခဲ့သည်။

ပင်လယ်ပြင်တွင် ပူးတွဲလေ့ကျင့်ရေးပြုလုပ်နေစဉ် ကင်းထောက်ခြင်းနှင့် အစောပိုင်းသတိပေးခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း၊ လေကြောင်းရန်ကာကွယ်ခြင်းနှင့် ဒုံးကျည်ရန်ကာကွယ်ခြင်းများ၌ လက်တွေ့ပစ်ခတ်လေ့ကျင့်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“၂၀၂၄ ခုနှစ် – ပင်လယ်ပြင်ပူးတွဲလေ့ကျင့်မှု” သည် တရုတ်နှင့် ရုရှား ရေတပ်များအကြား ကူးလူးဆက်ဆံမှုများနှင့် အပြန်အလှန်ယုံကြည်မှုကို အားကောင်းလာစေခဲ့သလို စံချိန်စံနှုန်းနှင့်အညီ စည်းစနစ်တကျဖြင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)


……………………………………..
(English Version)
China-Russia joint maritime exercise concludes
GUANGZHOU, July 17 (Xinhua) — The China-Russia “Exercise Joint Sea-2024” concluded on Wednesday, with a fleet separation ceremony in waters near Zhanjiang City, south China’s Guangdong Province.
The exercise, focusing on “joint response to maritime security threats,” saw the participation of seven vessels from both countries.
When the exercise moved to the sea phase, live drills were carried out on joint reconnaissance and early warning, search and rescue, air defense and missile defense.
The “Exercise Joint Sea-2024” strengthened professional exchanges and mutual trust between the Chinese and Russian navies, promoting practical cooperation in a standardized and systematic manner.
Photo 1, 2, 3:This photo taken on July 17, 2024 shows vessels from the Chinese and Russian navies attending a fleet separation ceremony in waters near Zhanjiang City, south China’s Guangdong Province. (Photo by Yang Jie/Xinhua)