Connect with us

Economy

မြန်မာနိုင်ငံက ပထမသုံးလပတ်အတွင်း တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျော တန်ချိန် ၁၁၀,၀၀၀ တင်ပို့

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရန်ကုန်မြစ်အနီး အုန်း၊ ကြံ၊ ငှက်ပျောပွဲရုံတန်းတွင် ငှက်ပျောခိုင်များထမ်းနေသည့် အလုပ်သမားများကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း ကချင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးဂိတ်များမှတစ်ဆင့် တစ်သျှူးငှက်ပျော တန်ချိန် ၁၁၀,၀၀၀ ကျော် တင်ပို့ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ၏ ဇူလိုင် ၂၄ ရက် သတင်းဖော်ပြချက်အရ သိရသည်။
မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသို့ ဧပြီလတွင် တစ်သျှူးငှက်ပျော ၇၇,၀၀၀ တန်၊ မေလတွင် ၃၁,၀၀၀ တန်ကျော်၊ ဇွန်လတွင် ၄,၀၀၀ တန်ကျော် တင်ပို့ခဲ့ကြောင်း ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယ ပြည်နယ်ဦးစီးမှူး ဦးအောင်လွင်ဦး၏ ပြောကြားချက်ကိုးကား၍ သတင်း၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် တစ်သျှူးငှက်ပျောကို ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ ဝိုင်းမော်နှင့် ဗန်းမော် စသည့်မြို့နယ်များ၊ ကချင်ပြည်နယ် နယ်စပ်ဒေသများနှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ယခင်ဘဏ္ဍာနှစ်က တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျော တန်ချိန် ၄၉၀,၀၀၀ တန်ကျော် တင်ပို့ခဲ့ကြောင်း သတင်းအရ သိရသည်။ (Xinhua)


……………………………………..
(English Version)
Myanmar exports over 110,000 tons of tissue-cultured bananas to China in Q1
YANGON, July 24 (Xinhua) — Myanmar exported over 110,000 tons of tissue-cultured bananas to China in the first quarter of the current fiscal year 2024-25 through border posts in Kachin state, northern Myanmar, the state-run media the Global New Light of Myanmar reported on Wednesday.
The country transported 77,000 tons of tissue-cultured bananas to China in April, over 31,000 tons in May, and over 4,000 tons in June, the report said, citing U Aung Lwin Oo, deputy head of Kachin State’s Agriculture Department.
The country cultivates tissue-cultured bananas in Myitkyina, Waingmaw and Bhamo townships in Kachin state, and border areas of Kachin state and Sagaing region, it added.
In the previous fiscal year, Myanmar exported over 490,000 tons of tissue-cultured bananas to China, the report said.
Photo: Workers carry bananas on their shoulders in a banana and coconut wholesale market near the Yangon River in Yangon, Myanmar, Nov. 27, 2022. (Photo by Myo Kyaw Soe/Xinhua)