Connect with us

China

တရုတ်နိုင်ငံက ရှန်ကျိုး-၁၇ မစ်ရှင် အာကာသယာဉ်များကို ဆုတံဆိပ်များဖြင့် ဂုဏ်ပြု

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာတွင် လိုက်ပါပို့ဆောင်ခြင်းအခမ်းအနား တက်ရောက်နေသော ထန်းဟုန်ပေါ (ယာ) ၊ ထန်းစိန့်ကျယ် (အလယ်) နှင့် ကျန်းရှင်းလျင်တို့ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

ရှန်ကျိုး-၁၇ လူလိုက်ပါသော အာကာသမစ်ရှင်မှ တရုတ်အာကာသယာဉ်မှူးသုံးဦးသည် တရုတ်နိုင်ငံ၏ အာကာသစူးစမ်းလေ့လာမှုများ၌ တာဝန်ထမ်းဆောင်ခြင်းအတွက် ဆုတံဆိပ်များ ချီးမြှင့်ခြင်းခံခဲ့ရကြောင်း သိရသည်။
အာကာသယာဉ်မှူး ထန်းဟုန်ပေါသည် ဒုတိယအဆင့် အာကာသဆိုင်ရာ အောင်မြင်မှုဆုတံဆိပ်ဖြင့် ဂုဏ်ပြုခြင်းခံခဲ့ရသလို ထန်းစိန့်ကျယ်နှင့် ကျန်းရှင်းလျင်တို့က တတိယအဆင့်ဆုတံဆိပ်များနှင့် “အာကာသသူရဲကောင်းများ” ဂုဏ်ပြုဆုတံဆိပ်များ လက်ခံရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဆုများကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတော်ကောင်စီနှင့် ဗဟိုစစ်ကော်မရှင်တို့က ပေးအပ်ချီးမြှင့်ခြင်းဖြစ်သည်။

ရှန်ကျိုး-၁၇ မစ်ရှင်သည် ထန်းဟုန်‌ပေါအတွက် အာကာသစခန်းသို့ ဒုတိယမြောက်ခရီးစဉ်ဖြစ်သည်။ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ၎င်းက တရုတ်နိုင်ငံ၏ လူလိုက်ပါသော အာကာသခရီးစဉ်၏ ထင်ရှားသော အောင်မြင်မှုများ၌ ပါဝင်ရသည့်အတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။
တရုတ်အာကာသစခန်းသို့ ဝင်ရောက်ခဲ့သည့် အာကာသယာဉ်မှူးများအနက် အငယ်ဆုံးဖြစ်သော ထန်းစိန့်ကျယ်ကမူ ၎င်း၏ ပထမဆုံးအာကာသခရီးအတွင်း ၃၄ နှစ်မြောက် မွေးနေ့ကို ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
China honors Shenzhou-17 mission astronauts with medals
BEIJING, July 26 (Xinhua) — Three astronauts from the Shenzhou-17 crewed mission were awarded medals on Friday for their service to China’s space endeavors.
Tang Hongbo was honored with a second-class aerospace achievement medal, while Tang Shengjie and Jiang Xinlin received third-class medals and the honorary title of “heroic astronauts.”
The awards were presented by the Communist Party of China Central Committee, the State Council and the Central Military Commission.
The mission marked crew commander Tang Hongbo’s second journey to the space station. During a recently held press conference, he said he felt honored to witness and participate in the remarkable advancements of the country’s manned spaceflights.
Tang Shengjie, the youngest astronaut to have entered China’s space station, celebrated his 34th birthday during his first spaceflight.
Photo: Chinese astronauts Tang Hongbo (R), Tang Shengjie (C) and Jiang Xinlin attend a see-off ceremony at the Jiuquan Satellite Launch Center in northwest China on Oct. 26, 2023. (Xinhua/Li Zhipeng)