China
တရုတ်ရွှေ့ပြောင်းငှက်ဘေးမဲ့တောနေရာအသစ်များကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ထည့်သွင်း
ပေကျင်း၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံရှိ ပင်လယ်ဝါ-ပေါဟိုင်ပင်လယ်ကွေ့ ကမ်းရိုးတန်းလျှောက်ရှိ ရွှေ့ပြောင်းငှက်ဘေးမဲ့တော နေရာ ၅ ခုအား ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ထည့်သွင်းခြင်း အကဲဖြတ်လုပ်ငန်းကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆုံးဖြတ်ချက်ကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပသော ယူနက်စကို ကမ္ဘာ့အမွေအနှစ်ကော်မတီ ၄၆ ကြိမ်မြောက်အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား သစ်တောနှင့် မြက်ခင်းပြင် စီမံခန့်ခွဲမှုဦးစီးဌာနအရ သိရသည်။
တရုတ်နိုင်ငံ မြစ်ဝါမြစ်-ပေါဟိုင်ပင်လယ်ကွေ့ ကမ်းရိုးတန်းတစ်လျှောက်ရှိ ရွှေ့ပြောင်းငှက်ဘေးမဲ့တော (အပိုင်း ၂) သည် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း၌ စာရင်းဝင်ပြီးသားဖြစ်သော နာမည်တူနေရာကို ထပ်မံတိုးချဲ့ထားခြင်းဖြစ်ကြောင်း၊ အသစ်စာရင်းဝင်သောနေရာ ၅ ခုသည် အဆိုပါ အပိုင်း ၂ ၏ အစိတ်အပိုင်းများဖြစ်ကြောင်း၊ အပိုင်း ၁ ဘေးမဲ့တောနေရာများမှာမူ ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ၂၀၁၉ ခုနှစ်က စာရင်းသွင်းခဲ့ပြီးဖြစ်ကြောင်း ယူနက်စကိုအရ သိရသည်။
ကမ္ဘာ့အကြီးဆုံး ရေတိမ်ဒေသစနစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ပင်လယ်ဝါ ဂေဟဒေသအတွင်းရှိ အဆိုပါဧရိယာသည် အာတိတ်ဒေသမှ အရှေ့တောင်အာရှနှင့် ဩစတြေးလျအထိ နိုင်ငံ ၂၅ နိုင်ငံခန့်အထိရှိသော အရှေ့အာရှ-ဩစတြေးလျလမ်းကြောင်းတစ်လျှောက် ငှက်များရွှေ့ပြောင်းပျံသန်းခြင်းအတွက် အရေးပါသောနေရာလည်းဖြစ်သည်။
ရေတိမ်ဒေသများသည် ရေပျော်ငှက်သန်းပေါင်းများစွာအတွက် မရှိမဖြစ် ခရီးတစ်ထောက်နားနေရာများအဖြစ် ထူးခြားသော ဂေဟစနစ်လုပ်ဆောင်မှုအဖြစ်လည်း ဆောင်ရွက်ပေးကြောင်း ယူနက်စကိုက ပြောကြားခဲ့သည်။ (Xinhua)
……………………………………..
(English Version)
New Chinese migratory bird sanctuaries added to UNESCO World Heritage List
BEIJING, July 26 (Xinhua) — Five nominated sites of the migratory bird sanctuaries along the coast of Yellow Sea-Bohai Gulf of China successfully passed the review process Friday to be included on the World Heritage List by the United Nations Educational, Scientific and Cultural Organization (UNESCO).
The decision was made during the 46th session of the UNESCO World Heritage Committee held in New Delhi, India, according to China’s National Forestry and Grassland Administration.
According to UNESCO, the Migratory Bird Sanctuaries along the Coast of the Yellow Sea-Bohai Gulf of China (Phase II) is a serial extension of the property of the same name that is already listed on the World Heritage List. The newly-admitted five sites are part of Phase II, while Phase I sanctuaries were inscribed on the World Heritage List in 2019.
As part of the world’s largest intertidal wetland system, this area within the Yellow Sea Ecoregion provides vital habitats for birds migrating along the East Asian-Australasian Flyway, which stretches across approximately 25 countries from the Arctic to Southeast Asia and Australasia.
The wetlands serve a unique ecological function as indispensable stopover sites for millions of waterbirds, said UNESCO.
Photo 1: Migratory birds fly over the Yellow River Delta National Nature Reserve in east China’s Shandong Province, Nov. 12, 2023. (Xinhua/Xu Suhui)