Connect with us

China

၂၀၂၄ ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ထိပ်သီးအစည်းအဝေးကို ပေကျင်းမြို့တွင် စက်တင်ဘာ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည်

ပေကျင်း၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)
၂၀၂၄ ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ထိပ်သီးအစည်းအဝေး (FOCAC) ကို ပေကျင်းမြို့တွင် စက်တင်ဘာ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က ဇူလိုင် ၃၀ ရက်၌ ကြေညာခဲ့သည်။
ထိပ်သီးအစည်းအဝေး၏ ဆောင်ပုဒ်မှာ “ခေတ်မီအသွင်ပြောင်းမှု မြှင့်တင်ရေးနှင့် အဆင့်မြင့် တရုတ်-အာဖရိက အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးအတွက် လက်ချင်းချိတ်ဆက်ဆောင်ရွက်စို့” ဟူ၍ဖြစ်ကြောင်း၊ FOCAC ၏ အာဖရိကအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များသည် ဖိတ်ကြားချက်အရ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ကြမည်ဖြစ်ကြောင်း ဟွာက ဆိုသည်။
အာဖရိကဒေသဆိုင်ရာ ဆက်စပ်အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ဖိုရမ်နှင့် ဆက်စပ်အစည်းအဝေးများကိုလည်း တက်ရောက်ကြမည်ဖြစ်ကြောင်း ဟွာက ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)

……………………………………..
(English Version)
2024 Summit of Forum on China-Africa Cooperation to be held in Beijing from Sept. 4 to 6
BEIJING, July 30 (Xinhua) — The 2024 Summit of the Forum on China-Africa Cooperation (FOCAC) will be held in Beijing from Sept. 4 to 6, Chinese foreign ministry spokesperson Hua Chunying announced on Tuesday.
The theme of the summit is “Joining Hands to Advance Modernization and Build a High-Level China-Africa Community with a Shared Future,” Hua said, adding that leaders of FOCAC’s African members will attend the summit at the invitation of the forum.
Representatives of relevant African regional organizations and international organizations will attend relevant forum events, she added.