Connect with us

Asia

နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒ အား‌ကောင်းလာစေရေး ပါဝင်ဆောင်ရွက်သော ပင်မပလက်ဖောင်းအဖြစ် ကုလသမဂ္ဂ၏ အခန်းကဏ္ဍကို သမ္မတ ရှီပြောကြား

ကာဇက်စတန်နိုင်ငံ အက်စ်တာနာမြို့တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ နိုင်ငံခေါင်းဆောင်များကောင်စီ ၂၄ ကြိမ်မြောက် အစည်းအဝေးအတွင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်တို့ ၂၀၂၄ ခုနှစ် ဇူလိုင် ၄ ရက်က သီးခြားတွေ့ဆုံနေစဉ် (ဆင်ဟွာ)

အက်စ်တာနာ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒ ကျင့်သုံးရေးနှင့် ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှု မြှင့်တင်ရေးအတွက် ပင်မပလက်ဖောင်းအဖြစ် ကုလသမဂ္ဂ၏ အခန်းကဏ္ဍကသာလျှင် အားကောင်းနိုင်မည်ဖြစ်ကာ အားလျော့သွားမည်မဟုတ်ကြောင်း ဇူလိုင် ၄ ရက်က ပြောကြားခဲ့သည်။
သမ္မတ ရှီသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်နှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ နိုင်ငံခေါင်းဆောင်များကောင်စီ ၂၄ ကြိမ်မြောက် အစည်းအဝေးအတွင်း သီးခြားတွေ့ဆုံရာ၌ အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာအခြေအနေ ပြောင်းလဲမှုများ မည်သို့ပင်ရှိစေကာမူ တရုတ်နိုင်ငံအနေဖြင့် စစ်မှန်သော နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဝါဒကို အစဉ်အမြဲ လိုက်နာလျက်ရှိသလို နိုင်ငံတကာရေးရာများတွင် ကုလသမဂ္ဂက ပင်မအခန်းကဏ္ဍမှ ပါဝင်ခြင်းကို အမြဲတစေ ထောက်ခံလျက်ရှိကြောင်း၊ ကမ္ဘာပေါ်ရှိ နိုင်ငံများအားလုံးသည် အေးအတူ ပူအမျှ အသိုက်အဝန်းကို ပိုင်ဆိုင်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ (Xinhua)

……………………………………..

(English Version)
Xi says UN’s role as core platform for practicing multilateralism should be strengthened
ASTANA, July 4 (Xinhua) — Chinese President Xi Jinping said here Thursday that as the core platform for practicing multilateralism and advancing global governance, the United Nations’ role can only be strengthened, not weakened.
Xi made the remarks when meeting with UN Secretary-General Antonio Guterres on the sidelines of the 24th Meeting of the Council of Heads of State of the Shanghai Cooperation Organization in Astana.
No matter how the international situation changes, China always adheres to genuine multilateralism and supports the United Nations in playing a central role in international affairs, he said.
All countries in the world belong to a community with a shared future, Xi said.
Photo: Chinese President Xi Jinping meets with UN Secretary-General Antonio Guterres on the sidelines of the 24th Meeting of the Council of Heads of State of the Shanghai Cooperation Organization in Astana, Kazakhstan, July 4, 2024. (Xinhua/Pang Xinglei)