Connect with us

Australia / Oceania

ဆော်လမွန်ကျွန်းစုနိုင်ငံ၏ broadband ကွန်ရက်တွင် တရုတ်နိုင်ငံ၏ အကူအညီပေးမှုက အခြေခံအဆောက်အအုံနှင့် ပညာရေးကို အဆင့်မြှင့်တင်ပေး

ဆော်လမွန်ကျွန်းနိုင်ငံ Guadalcanal ကျွန်းရှိ Sali ကျေးရွာတွင် ဆော်လမွန်ကျွန်းစုနိုင်ငံ၏ National Broadband Network စီမံကိန်း၏ တရုတ်နိုင်ငံအကူအညီဖြင့် တည်ဆောက်ထားသော ဆက်သွယ်ရေးတာဝါတိုင်ကို ၂၀၂၄ ခုနှစ် ဇွန် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟိုနီယာရာ၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)
ဆော်လမွန်ကျွန်းစုနိုင်ငံ၌ China Harbor Engineering ကုမ္ပဏီလီမိတက်နှင့် Huawei Technologies ကုမ္ပဏီလီမိတက်တို့ ပူးတွဲအကောင်အထည်ဖော်ထားသည့် National Broadband Network စီမံကိန်းတွင် တရုတ်နိုင်ငံ၏ ကူညီပံ့ပိုးမှုက နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထင်ကရစီမံကိန်းတစ်ခုဖြစ်သည်။
အဆိုပါ စီမံကိန်းကို ဆော်လမွန်ကျွန်းစုနိုင်ငံ ပြည်နယ် ၉ ခုရှိ အဓိကကျွန်း ၃၅ ကျွန်းတွင် 3G/4G wireless ဆက်သွယ်ရေးအခြေစိုက်စခန်း ၁၆၁ ခု တည်ဆောက်ရန် စီစဉ်ထားသည်။ ၂၀၂၃ ခုနှစ် ဩဂုတ် ၂၈ ရက်က စတင်ခဲ့သော အဆိုပါ စီမံကိန်းတည်ဆောက်မှုမှာ အချိန်သုံးနှစ်ကြာမြင့်မည်ဖြစ်ပြီး ပထမဆုံးဆက်သွယ်ရေးတာဝါတိုင်ကို Sali ကျေးရွာတွင် မတ် ၂၂ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ (Xinhua)


……………………………………..
(English Version)
Chinese aid to Solomon Islands’ broadband network improves infrastructure, education
China’s assistance to the Solomon Islands’ National Broadband Network Project, jointly implemented by China Harbor Engineering Company Ltd. and Huawei Technologies Co Ltd., is a landmark project for cooperation between the two countries.
The project plans to construct 161 3G/4G wireless communication base stations on 35 major islands in the Solomon Islands’ nine provinces.
The construction, to last for three years, started on Aug. 28, 2023, with the first telecommunication tower launched on March 22 in Sali village.
Photo: This photo taken on June 27, 2024 shows a China-assisted telecommunication tower of Solomon Islands’ National Broadband Network Project, in Sali village of Guadalcanal, Solomon Islands. (Xinhua/Zhang Jianhua)