Connect with us

Europe

တရုတ်နိုင်ငံမှ Xu/Sun အဖွဲ့က မီတာ ၅၀၀ အမျိုးသမီး ကနူးလှေပြိုင်ပွဲတွင် အနိုင်ရရှိ

ပြင်သစ်နိုင်ငံ Vaires-sur-Marne တွင် ကျင်းပသော ၂၀၂၄ ခုနှစ် ပဲရစ်အိုလံပစ်အားကစားပွဲ၊ မီတာ ၅၀၀ အမျိုးသမီး ကနူးလှေနှစ်ယောက်တွဲပြိုင်ပွဲ၊ ဖိုင်နယ်ပွဲစဉ်၌ တရုတ်နိုင်ငံမှ Xu Shixiao (ဝဲ)/Sun Mengya တို့ ၂၀၂၄ ခုနှစ် ဩဂုတ် ၉ ရက်က ယှဉ်ပြိုင်နေစဉ် (ဆင်ဟွာ)

ပဲရစ်၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)
တရုတ်အားကစားသမားများဖြစ်သော Xu Shixiao နှင့် Sun Mengya တို့သည် ဩဂုတ် ၉ ရက် ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ကျင်းပသော ပဲရစ်အိုလံပစ်အားကစားပွဲ မီတာ ၅၀၀ အမျိုးသမီး ကနူးလှေ နှစ်ယောက်တွဲပြိုင်ပွဲတွင် ၎င်းတို့၏ ဆုများကို ကာကွယ်နိုင်ခဲ့ကြောင်း သိရသည်။
၎င်းတို့နှစ်ဦးသည် ယူကရိန်းမှ Liudmyla Luzan နှင့် Anastasiia Rybachok တို့ထက် အချိန် ၁.၄၉ စက္ကန့်စောကာ တစ်မိနစ် ၅၂.၈၁ စက္ကန့်ဖြင့် အိုလံပစ်အကောင်းဆုံးစံချိန်တင်ခဲ့သည်။ ကြေးတံဆိပ်ဆုကိုမူ ကနေဒါနိုင်ငံမှ Sloan Mackenzie နှင့် Katie Vincent တို့က အချိန် ၁:၅၄:၂၆ မိနစ်ဖြင့် ရရှိခဲ့သည်။ (Xinhua)


……………………………………..
(English Version)
China’s Xu/Sun win women’s canoe double 500m gold at Paris Olympics
PARIS, Aug. 9 (Xinhua) — China’s Xu Shixiao and Sun Mengya defended their title in the women’s canoe double 500m final at the Paris Olympics here on Friday.
The pair clocked an Olympic best of one minute and 52.81 seconds to win, 1.49 seconds ahead of Ukraine’s Liudmyla Luzan and Anastasiia Rybachok. The bronze went to Canada’s Sloan Mackenzie and Katie Vincent, who finished in 1:54.36.
Photo 1- 5: Xu Shixiao (L)/Sun Mengya of China compete during the women’s canoe double 500m final of canoe sprint at the Paris 2024 Olympic Games in Vaires-sur-Marne, France, on Aug. 9, 2024. (Xinhua/Shen Bohan)
Photo 6: Gold medalists Xu Shixiao (R)/Sun Mengya of China attend the awarding ceremony after the women’s canoe double 500m final of canoe sprint at the Paris 2024 Olympic Games in Vaires-sur-Marne, France, on Aug. 9, 2024. (Xinhua/Shen Bohan)