Connect with us

China

တရုတ်နှင့် ထိုင်း နိုင်ငံတို့ ပူးတွဲလေတပ်စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်

ပေကျင်း၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)

တရုတ်နှင့် ထိုင်းနိုင်ငံတို့သည် “Falcon Strike-2024” ဟု အမည်ရသော ပူးတွဲလေတပ်စစ်ရေးလေ့ကျင့်မှု တစ်ရပ်ကို ယခုလအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း ဩဂုတ် ၁၄ ရက်တွင် တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
တပ်မတော်နှစ်ရပ်အကြား နှစ်စဉ်ပြုလုပ်မြဲ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ အဆိုပါ စစ်ရေးလေ့ကျင့်မှုကို စီစဉ်ဆောင်ရွက်ခြင်း ဖြစ်သည်ဟု တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ယင်းစစ်ရေးလေ့ကျင့်မှုကို ထိုင်းနိုင်ငံ၏ လေတပ်အခြေစိုက်စခန်းတစ်ခု၌ ပြုလုပ်မည်ဖြစ်ကာ ထိုစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် တရုတ်နိုင်ငံက လေယာဉ်အမျိုးမျိုးနှင့် အထူးတပ်ဖွဲ့ဝင်များ စေလွှတ်မည်ဖြစ်ကြောင်း၊ တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်ရေးစွမ်းရည် မြှင့်တင်ရန်နှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများနှင့် လက်တွေ့ကျသော အပြန်အလှန် ထိတွေ့ဆက်ဆံမှုများကို နက်နက်ရှိုင်းရှိုင်းဖော်ဆောင်ရန် ရည်ရွယ်၍ ယင်းပူးတွဲစစ်ရေးလေ့ကျင့်မှုအား လုပ်ဆောင်မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ (Xinhua)

………………………..
(English Version)
China, Thailand to hold joint air exercise

BEIJING, Aug. 14 (Xinhua) — China and Thailand will hold a joint air force exercise named “Falcon Strike-2024” this month, according to an announcement by the Chinese Ministry of National Defense on Wednesday.

The exercise is arranged according to the annual cooperation plan between the two militaries, the ministry said.

It will take place at a Thai air force base, and China will send multiple types of aircraft and special forces to participate in the exercise, the ministry said, adding that the goal of this joint exercise is to enhance the combat skills of relevant forces and deepen the practical exchanges and cooperation between the two militaries. Enditem