Connect with us

Europe

ကာ့စ်ဒေသတွင် ဘေးလွတ်ရာသို့ မဖြစ်မနေရွှေ့ပြောင်းကြရန် ရုရှား ညွှန်ကြားချက်ထုတ်ပြန်

ရုရှားနိုင်ငံ ကာ့စ်ဒေသတွင် အထောက်အပံ့ပစ္စည်းများ ရယူရန် စုဝေးနေသူများကို ဩဂုတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ ကာ့စ်ဒေသ၊ ဂလက်ရှ်ကော့စကီးခရိုင်မှ ဒေသခံအားလုံးကို ဘေးလွတ်ရာသို့ မဖြစ်မနေရွှေ့ပြောင်းကြရန် ညွှန်ကြားထားသည်ဟု ယာယီအုပ်ချုပ်ရေးမှူး အလက်ဆေး ဆမီယာနော့ဗ်က ဩဂုတ် ၁၄ ရက်တွင် ၎င်း၏တယ်လီဂရမ် ချန်နယ်မှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။
“ဒေသဆိုင်ရာ စီမံခန့်ခွဲရေးဌာနချုပ်က ဂလက်ရှ်ကော့စကီး ခရိုင်တစ်ခုလုံး မဖြစ်မနေရွှေ့ပြောင်းခိုင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု အုပ်ချုပ်ရေးမှူး ဆမီယာနော့ဗ်က ပြောကြားခဲ့သည်။
ယူကရိန်းနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ဂလက်ရှ်ကော့စကီးခရိုင်တွင် မြို့နှစ်မြို့နှင့် ကျေးရွာ ၁၁ ရွာ ပါဝင်သည်။ ထိုခရိုင်အတွင်းရှိ ဂလက်ရှ်ကိုဗို ကျေးရွာတွင် ဘေးလွတ်ရာသို့ မဖြစ်မနေရွှေ့ပြောင်းရန် အစောပိုင်းတွင် ညွှန်ကြားခဲ့ပြီးနောက် ယခုညွှန်ကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဥပဒေစိုးမိုးရေးဌာနများ၊ ဒေသန္တရ အာဏာပိုင်အဖွဲ့အစည်းများနှင့် Kursk Patriot Center မှ စေတနာ့ဝန်ထမ်းများက ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးမည့် လုပ်ငန်းစဉ်အတွက် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………….
(English Version)
Russia orders mandatory evacuation in Kursk region
A mandatory evacuation has been ordered for all residents of the Glushkovsky district in Russia’s Kursk region, Acting Governor Alexei Smirnov announced on his official Telegram channel Wednesday.
“The regional operational headquarters has decided to mandate the evacuation of the entire Glushkovsky district,” Smirnov said.
The Glushkovsky district, which borders Ukraine, comprises two towns and 11 villages. This comes after an earlier announcement of a mandatory evacuation in the settlement of Glushkovo within the district. Law enforcement agencies, local authorities, and volunteers from the Kursk Patriot Center will coordinate the evacuation process. Enditem