Connect with us

Asia

တရုတ်၊ လာအို နိုင်ငံခြားရေးဝန်ကြီးများ နှစ်နိုင်ငံဆက်ဆံရေး၊ မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်၍ ဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၂၀၂၄ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith နှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဩဂုတ် ၁၅ ရက်က တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံ ဆက်ဆံရေး၊ ဒေသတွင်းရေးရာနှင့် မြန်မာနိုင်ငံ အခြေအနေဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရးအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်လည်း ဖြစ်သူ ဝမ်က တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံတို့သည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ရိုးသားစွာပြုမူဆက်ဆံကာ အချင်းချင်း အစဉ်အမြဲ ထောက်ခံကူညီလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံဆိုင်ရာ အခြေအနေနှင့် စပ်လျဉ်း၍လည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ အရေးပါသောအဖွဲ့ဝင်နိုင်ငံဖြစ်သည်ဟု ဝမ်က ဆိုသည်။ တရုတ်နိုင်ငံအနေဖြင့် အာဆီယံစည်းလုံးညီညွတ်မှု၊ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုရှိစေရေးအတွက် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး မြှင့်တင်ရန်၊ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ် ဖော်ဆောင်ရန်၊ နိုင်ငံရေးအရ ရင်ကြားစေ့ရေး အောင်မြင်မှုရရှိရန်၊ ဒီမိုကရေနည်းလမ်းတကျ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ ပြန်လည်စတင်ရန် ထောက်ခံကြောင်း ဝမ်က ပြောကြားခဲ့သည်။
လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith က မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ငြိမ်းချမ်းရေး မြှင့်တင်ခြင်း၊ နိုင်ငံရေးအရ ရင်ကြားစေ့ရေးအတွက် တရုတ်နိုင်ငံက အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ခြင်းကို ချီးကျူးပြောကြားခဲ့သလို လာအိုနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးကူညီရာတွင် တရုတ်နိုင်ငံနှင့်အတူ ညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် မျှော်လင့်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/V9x
……………………………………..
(English Version)
Chinese, Lao FMs meet on ties, situation in Myanmar
BANGKOK, Aug. 16 (Xinhua) — Chinese Foreign Minister Wang Yi met with Lao Deputy Prime Minister and Foreign Minister Saleumxay Kommasith in Chiang Mai, Thailand on Thursday on strengthening bilateral relations and cooperation on regional issues, and the situation in Myanmar.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, said China and Laos treat each other with sincerity and have always been supporting and helping each other.
The two foreign ministers also exchanged views on the situation in Myanmar. Wang pointed out that Myanmar is an important member of the Association of Southeast Asian Nations (ASEAN). China supports ASEAN to enhance communication and contact with Myanmar, explore the docking of ASEAN’s five-point consensus and Myanmar’s new five-point roadmap, and help Myanmar maintain domestic stability, achieve political reconciliation, and resume its process of democratic transition, which is beneficial for ASEAN’s unity and the peace and stability of the region.
Saleumxay spoke highly of China’s constructive role in promoting peace talks in northern Myanmar and its political reconciliation, adding that Laos is willing to strengthen coordination and cooperation with China to support Myanmar’s stability and development.
Photo: Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China (CPC) Central Committee, meets with Lao Deputy Prime Minister and Foreign Minister Saleumxay Kommasith in Chiang Mai, Thailand, Aug.15, 2024. (Xinhua/Sun Weitong)