Connect with us

China

တရုတ်နိုင်ငံ၏ ပင်လယ်ရေနက်ပိုင်းစူးစမ်းလေ့လာရေး လူတင်ရေငုပ်သင်္ဘော အကြိမ် ၃၀၀ မြောက် ရေငုပ်ပြီးစီး

အနောက်ပစိဖိတ်သမုဒ္ဒရာအတွင်း အကြိမ် ၃၀၀ မြောက်ရေငုပ်ရန် လုပ်ဆောင်နေသော တရုတ်နိုင်ငံ၏ ပင်လယ်ရေနက်ပိုင်း စူးစမ်းလေ့လာရေး လူတင်ရေငုပ်သင်္ဘော Jiaolong ကို ၂၀၂၄ ခုနှစ် ဩဂုတ် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ABOARD DEEP SEA NO. 1 ၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပင်လယ်ရေနက်ပိုင်းစူးစမ်းလေ့လာရေး လူတင်ရေငုပ်သင်္ဘော Jiaolong သည် ၂၀၀၉ ခုနှစ် ဩဂုတ်လတွင် ပထဆုံးမစ်ရှင်မှစ၍ အကြိမ် ၃၀၀ မြောက် ရေငုပ်ခြင်းလုပ်ငန်းကို ဩဂုတ် ၁၈ ရက်၌ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
သိပ္ပံပညာရှင်တစ်ဦးနှင့် ရေငုပ်သမားနှစ်ဦးနှင့်အတူ Jiaolong ရေငုပ်သင်္ဘောသည် အနောက်ပစိဖိတ်သမုဒ္ဒရာအတွင်း ရေငုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းမှာ လက်ရှိဆောင်ရွက်နေဆဲ သိပ္ပံပညာရပ်ဆိုင်ရာ စူးစမ်းလေ့လာရေးအတွင်း စီစဉ်ထားသော ရေငုပ်ခြင်းလုပ်ငန်း ၁၈ ခုအနက် ပထမဆုံးဖြစ်သည်။
တရုတ်နှင့် နိုင်ငံခြားသား သိပ္ပံပညာရှင်များပါဝင်ပြီး တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့မှ ဩဂုတ် ၁၀ ရက်၌ ထွက်ခွာလာခဲ့သော အမှတ် ၁ ပင်လယ်နက်ပိုင်းသုတေသနသင်္ဘောက ထို‌ရေငုပ်သင်္ဘောကို သယ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
၄၅ ရက်ကြာ အနောက်ပစိဖိတ်သမုဒ္ဒရာ စူးစမ်းလေ့လာမှုအတွင်း Jiaolong ရေငုပ်သင်္ဘောသည် ထူးခြားသော ဂေဟဗေဒစနစ်များနှင့် ပင်လယ်ရေအောက်ပိုင်း ကျောက်တောင်ပတ်ဝန်းကျင်များကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်ရန် ရည်ရွယ်၍ ပင်လယ်ရေနက်ပိုင်း ဇီဝသက်ရှိများ၊ ပင်လယ်ရေမှော်များနှင့် နုန်းများကို စုဆောင်းရန် စီစဉ်ထားကြောင်း သိရသည်။
၂၀၀၉ ခုနှစ်မှစ၍ Jiaolong ရေငုပ်သင်္ဘောသည် ပစိဖိတ်သမုဒ္ဒရာ၊ အိန္ဒိယသမုဒ္ဒရာ၊ အတ္တလန္တိတ်သမုဒ္ဒရာတို့တွင် စူးစမ်းလေ့လာမှုများ ပြုလုပ်ခဲ့ပြီး ပင်လယ်ရေနက်ပိုင်းအတွင်း စုစုပေါင်း ခရီးစဉ် ၉၀၀ သွားရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

အနောက်ပစိဖိတ်သမုဒ္ဒရာအတွင်း အကြိမ် ၃၀၀ မြောက်ရေငုပ်ပြီးနောက် တရုတ်နိုင်ငံ၏ ပင်လယ်ရေနက်ပိုင်း စူးစမ်းလေ့လာရေး လူတင်ရေငုပ်သင်္ဘော Jiaolong အနီး ရေငုပ်သမားများကို ၂၀၂၄ ခုနှစ် ဩဂုတ် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
China’s manned deep-sea submersible completes 300th dive
ABOARD DEEP SEA NO. 1, Aug. 18 (Xinhua) — Jiaolong, China’s manned deep-sea submersible, on Sunday completed its 300th dive since its maiden mission in August 2009.
Jiaolong, with a crew of one scientist and two submariners, conducted the dive in the Western Pacific Ocean. It was the first of 18 planned dives in an ongoing scientific expedition.
The submersible is being carried by China’s Deep Sea No. 1 research vessel, which has Chinese and foreign scientists aboard and embarked from Qingdao in east China’s Shandong Province on Aug. 10.
During its 45-day expedition to the Western Pacific Ocean, Jiaolong is scheduled to collect deep-sea organisms, seawater and sediment, aiming to deepen our understanding of the unique ecosystems and environments of seamounts.
Since 2009, Jiaolong has explored waters in the Pacific Ocean, Indian Ocean and Atlantic Ocean, enabling a total of 900 trips down into the deep sea.
Photo 1: China’s manned deep-sea submersible Jiaolong is about to conduct its 300th dive in the Western Pacific Ocean, Aug. 18, 2024. (Xinhua/Wang Yuhao)
Photo 2: Frogmen work around China’s manned deep-sea submersible Jiaolong after it completed the 300th dive in the Western Pacific Ocean, Aug. 18, 2024. (Xinhua/Wang Yuhao)